عَنْ أَبِي سَعِيدٍ الْخُدْرِيِّ رَضِيَ اللهُ عَنْهُ قَالَ: سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«مَنْ صَامَ يَوْمًا فِي سَبِيلِ اللهِ بَاعَدَ اللهُ وَجْهَهُ عَنِ النَّارِ سَبْعِينَ خَرِيفًا».
[صحيح] - [متفق عليه] - [صحيح مسلم: 1153]
المزيــد ...
အဗူစအီးဒ် ခွဒ်ရီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကြားသိခဲ့ရသည်။
"မည်သူမဆို အလ္လာဟ်အရှင်မြတ်၏လမ်းတော် (ဂျိဟာဒ်ပြုနေစဉ်ကာလအတွင်း) ၌ ရိုဇာတစ်ရက်စောင့်ထိန်းခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ၏ မျက်နှာအား ဂျဟန္နမ်ငရဲမီးမှ နှစ်ပေါင်းခုနစ်ဆယ် ခရီးအတိုင်းအတာမျှ ဝေးကွာစေတော်မူမည် ဖြစ်သည်။"
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 1153]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်မှာ- မည်သူမဆို အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုနှင့် အကျိုးဆုလာဘ်ကို မျှော်ကိုးလျှက် စိတ်ရင်းစေတနာဖြူစင်စွာဖြင့် ဂျိဟာဒ်ပြုလုပ်နေစဉ်ကာလအတွင်း ( အချို့က ဂျိဟာဒ်ပြုလုပ်နေစဉ်ကာလနှင့် အခြားသောကာလများတွင်ဟူ၍လည်း ဆိုကြသည်) ရိုဇာတစ်ရက်စောင့်ထိန်းခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျေးဇူးတော်ဖြင့် ထိုသူနှင့် ဂျဟန္နမ်ငရဲမီးအကြား နှစ်ပေါင်းခုနစ်ဆယ် ခရီးအတိုင်းအတာမျှ ဝေးကွာစေတော်မူမည် ဖြစ်သည်။