عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ قَالَ:
أَوْصَانِي خَلِيلِي صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِثَلاَثٍ: صِيَامِ ثَلاَثَةِ أَيَّامٍ مِنْ كُلِّ شَهْرٍ، وَرَكْعَتَيِ الضُّحَى، وَأَنْ أُوتِرَ قَبْلَ أَنْ أَنَامَ.
[صحيح] - [متفق عليه] - [صحيح البخاري: 1981]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်ုပ်၏ အချစ်တော် (တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ကျွန်ုပ်အား အချက် သုံးချက်ကို မှာတမ်းတော်မူခဲ့သည်။ ၎င်းတို့မှာ လစဉ် သုံးရက် စွိယာမ်ဥပုသ်စောင့်ထိန်းခြင်း၊ ဆွလာသွသ်ဒုအာ ( ကျားရှ်နမားဇ် ) နှစ်ရကအသ် ဝတ်ပြုခြင်း၊ မအိပ်ခင်အရင် ဝိသ်ရ်ဆွလာသ်ဝတ်ပြုခြင်း တို့ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 1981]
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ၎င်း၏
အချစ်တော်နှင့် အဆွေခင်ပွန်းဖြစ်သူ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ၎င်းအား အချက်သုံးချက်ကို မှာတမ်းတော်မူခဲ့သည်ဟု အသိပေး တင်ပြခဲ့သည်။ ၎င်းတို့မှာ -
၁။ လစဉ် သုံးရက် စွိယာမ်ဥပုသ်စောင့်ထိန်းရန်။
၂။ ဆွလာသွဒ်ဒုဟာ ( ကျားရှ်နမားဇ်) နှစ်ရကအသ်ကို နေ့စဉ် ဝတ်ပြုရန်။
၃။ မအိပ်ခင်အရင် ဝိတ်ရ်ဆွလာသ် ဝတ်ပြုရန်။ ဤသည် ည၏
နောက်ဆုံးအချိန်၌ မနိုးမည်ကို စိုးရိမ်သူအဖို့ဖြစ်သည်။