عن المِقدام بن معدي كرب رضي الله عنه عن النبي صلى الله عليه وسلم قال:
«إِذَا أَحَبَّ الرَّجُلُ أَخَاهُ فَلْيُخْبِرْهُ أَنَّهُ يُحِبُّهُ».

[صحيح] - [رواه أبو داود والترمذي والنسائي في الكبرى وأحمد] - [سنن أبي داود: 5124]
المزيــد ...

မိက်ဒါဒ်ဗင်န်မအ်ဒီကရိဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
လူတစ်ဦးသည် မိမိ၏ညီနောင်အား ချစ်ခင်ပါက ၎င်းအားချစ်ခင်ကြောင်းအသိပေးပါ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [رواه أبو داود والترمذي والنسائي في الكبرى وأحمد] - [سنن أبي داود - 5124]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မုအ်မင်န်များအကြား ဆက်ဆံရေးပိုမိုခိုင်မာစေပြီး ချစ်ခင်ရင်းနှီးမှုပြန့်ပွားစေမည့် အကြောင်းခံတစ်ရပ်ကို ရှင်းပြတော်မူခဲ့သည်။ ယင်းမှာ လူတစ်ဦးသည် မိမိ၏ ညီနောင်အား ချစ်ခင်ပါက ၎င်းအား ချစ်ခင်ကြောင်း အသိပေးခြင်းဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လောကီအကျိုးအတွက် မဟုတ်ဘဲ သီးသန့် အလ္လာဟ်အရှင်မြတ်အတွက်သာ ချစ်ခင်ခြင်း၏ ထွတ်မြတ်မှုကို ဖော်ပြထားသည်။
  2. ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးပွါးလာစေရန် အလ္လာဟ်အရှင်မြတ်အတွက် မိမိချစ်ခင်ရသောသူအား ချစ်ခင်ကြောင်း အသိပေးခြင်းသည် မွတ်စ်သဟဗ်ကောင်းမွန်သော ကိစ္စရပ်ဖြစ်သည်။
  3. မုအ်မင်န် သက်ဝင်ယုံကြည်သူတို့အကြား ချစ်ခင်ရင်းနှီးမှုကို ဖြန့်ကြက်ခြင်းသည် မွတ်စ်လင်မ်ညီနောင်စိတ်ဓာတ်ကို ခိုင်မာအာကောင်းစေပြီး လူအဖွဲ့အစည်းအတွင်း အားနည်းခြင်း၊ ပြိုကွဲခြင်းတို့ကို ထိန်းသိမ်းပေးသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (67)
ထပ်၍