عن أنس بن مالك رضي الله عنه قال: قال رسول الله صلى الله عليه وسلم:
«إِنَّ اللهَ لَيَرْضَى عَنِ الْعَبْدِ أَنْ يَأْكُلَ الْأَكْلَةَ فَيَحْمَدَهُ عَلَيْهَا، أَوْ يَشْرَبَ الشَّرْبَةَ فَيَحْمَدَهُ عَلَيْهَا».

[صحيح] - [رواه مسلم] - [صحيح مسلم: 2734]
المزيــد ...

အနတ်စ်ဗင်န်မာလိက်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ကျွန်တစ်ဦးသည် အစားအစာ စားပြီးနောက် ထိုအပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုလျှင် သို့မဟုတ် သောက်စရာကို သောက်သုံးပြီးနောက် ထိုအပေါ် အရှင်မြတ်အား ချီးမွမ်းထောမနာပြုလျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအားအမှန်တကယ်ပင် ကျေနပ်နှစ်သက်တော်မူသည်။

[صحيح] - [رواه مسلم] - [صحيح مسلم - 2734]

ရှင်းလင်းချက်

ကျွန်တစ်ဦးအနေဖြင့် အလ္လာဟ်အရှင်မြတ် ချီးမြှင့်ထားသော ကျေးဇူးတော်များ၊ နိအ်မသ် စည်းစိမ်များနှင့် ပတ်သက်၍ အရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်းသည် အလ္လာဟ်အရှင်မြတ်၏ နှစ်သက်မှုကိုရရှိစေသည့်ကိစ္စများတွင် ပါဝင်ကြောင်း တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။ သို့ဖြစ်၍ အစားအစာ စားပြီးနောက် ‘အလ်ဟမ်ဒုလိလ္လာဟ်’ ဆိုရမည်။ သောက်စရာကို သောက်သုံးပြီးနောက် ‘အလ်ဟမ်ဒုလိလ္လာဟ်’ ဆိုရမည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်၏ ရက်ရောမှုအား တင်ပြထားသည်။ အရှင်မြတ်သည် ရိုဇီရိက္ခာချီးမြှင့်တော်မူပြီး ထိုအပေါ်ချီးမွမ်းထောမနာပြုခြင်းကြောင့် နှစ်သက်တော်မူသည်။
  2. စားသောက်ပြီးနောက် ချီးမွမ်းထောမနာပြုခြင်းကဲ့သို့ အလွယ်ကူဆုံး အကြောင်းခံဖြင့်ပင် အလ္လာဟ်အရှင်မြတ်၏ ကျေနပ်နှစ်သက်မှုကိုရရှိနိုင်သည်။
  3. စားသောက်ပြီးနောက် အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုခြင်းသည် အစားအသောက်ဆိုင်ရာ စည်းကမ်းများတွင်ပါဝင်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (64)
ထပ်၍