+ -

عن أبي هريرة رضي الله عنه مرفوعًا: «السَّاعِي على الأَرْمَلَةِ والمِسْكِينِ، كالمُجَاهِدِ في سبيل الله». وأَحْسَبُهُ قال: «وكالقائم الذي لا يَفْتُرُ، وكالصائم الذي لا يُفْطِرُ».
[صحيح] - [متفق عليه]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။ မုဆိုးမနှင့် ဆင်းရဲသားတို့အတွက် ကြိုးပမ်းဆောင်ရွက်သူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် စစ်မက်တိုက်ခိုက်သူကဲ့သို့ဖြစ်သည်။ ဤသို့ပြောခဲ့သည်ဟုလည်း ကျွန်တော်ထင်သည် ပင်ပမ်းမှုမရှိဘဲ ညထပြီး ဆွလာသ် ဆောက်တည်သူ၊ ဝါမဖြေဘဲ ဆွိယာမ်ဥပုသ်စောင့်ထိန်းသူကဲ့သို့ ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က အသိပေးထားသည်မှာခင်ပွန်းသည် ကွယ်လွန်သွားသော အမျိုးသမီးနှင့် လိုအပ်ချက်ရှိနေသောဆင်းရဲသားတို့၏ ကောင်းကျိုးကို ဆောင်ရွက်ပြီး ၎င်းတို့အပေါ် ပေးကမ်းသုံးစွဲသူသည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် စစ်မက်တိုက်ခိုက်သူ၊ စွဲမြဲစွာအိဗာဒသ်ပြုရာတွင် ပင်ပမ်းမှုမရှိဘဲ ညသဟဂျ်ဂျွဒ်ဆွလာသ် ဆောက်တည်သူ၊ဝါမဖြေဘဲ ဆက်တိုက် ဆွိယာမ်ဥပုသ်စောင့်သူတို့ကဲ့သို့ အကျိုးကုသိုလ်ရရှိသည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি অরমো কন্নড় الولوف আজারী الأوكرانية الجورجية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မုဆိုးမနှင့် ဆင်းရဲသားတို့၏ အကျိုးကို ဆောင်ရွက်သူ၊ ထိန်းသိမ်းစောင့်ရှောက်သူအား အလ္လာဟ်အရှင်မြတ်၏ လမ်းတော်တွင် စစ်မက်တိုက်ခိုက်သူ၊ သဟဂျ်ဂျွဒ်ဆွလာသ် ဆောက်တည်သူတို့နှင့် တွဲဖက်၍ ဖော်ပြခြင်းသည် ထိုကဲ့သို့သော်ကောင်းမြတ်သည့် လုပ်ရပ်များကို စွဲမြဲစွာ ပြုလုပ်ရာတွင် စိတ်အလိုနှင့် ရှိုင်သွာန်အား ဆန့်ကျင်ကာ ကြိုးစားအားထုတ်ရန် လိုအပ်သောကြောင့်ဖြစ်သည်။
  2. အားနည်းသူတို့၏ ပူဆွေးသောကကို ဖယ်ရှားပေးခြင်း၊ ၎င်းတို့၏ လိုအပ်ချက်များကို ဖြည့်တင်းပေးခြင်း၊ ၎င်းတို့၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးခြင်းတို့ကိုပြုလုပ်ရန် တိုက်တွန်းထားသည်။
  3. အစ္စလာမ့်တရားလမ်းစဉ်သည် အစ္စလာမ့်အဆောက်အအုံကြီး ခိုင်မာစေရန်အတွက် မွတ်စ်လင်မ်တို့အား အချင်းချင်းညီညွတ်ကြရန်၊ အပြန်အလှန်တာဝန်ယူကြရန်နှင့် ရိုင်းပင်းကူညီကြရန် လိုလားသည်။
  4. ကောင်းမြတ်သော လုပ်ရပ်တိုင်းသည် အိဗာဒသ်တွင် ပါဝင်သည်။
  5. အိဗာဒသ်ဟူသည် အလ္လာဟ်အရှင်မြတ် ကျေနပ်၊ နှစ်သက်တော်မူသည့်ကောင်းမြတ်သည့် အရာတိုင်း ပေါ်လွင်ထင်ရှားသည့် လုပ်ရပ်ဖြစ်စေ၊ ဖုံးကွယ်နေသည့် လုပ်ရပ်ဖြစ်စေ အားလုံးပါဝင်သော နာမည်ဖြစ်သည်။
ထပ်၍