+ -

عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال:
«حُجِبَتِ النَّارُ بِالشَّهَوَاتِ، وَحُجِبَتِ الْجَنَّةُ بِالْمَكَارِهِ».

[صحيح] - [رواه البخاري] - [صحيح البخاري: 6487]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဂျဟန္နမ်ငရဲအား စိတ်အလိုရမ္မက်များဖြင့် ဖုံးအုပ်ထားပြီး ဂျန္နသ်သုခဘုံအား မနှစ်မြို့ဖွယ်ရာများဖြင့် ဖုံးအုပ်ထားသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။] - [صحيح البخاري - 6487]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။ ဧကန်အမှန်ပင် ဂျဟန္နမ်ငရဲအား စိတ်အလိုရမ္မက်များဖြစ်သည့် ဟရာမ်တားမြစ်ချက်များကိုကျူးလွန်ခြင်း၊ ဖရ်ဿ်ွတာဝန်များကို ပေါ့လျော့ခြင်းစသည့်အရာများဖြင့် ဝန်းရံထားသည်။ ထို့ကြောင့် မည်သူမဆို စိတ်အလိုရမ္မက်နောက်သို့ လိုက်ပါက ဂျဟန္နမ်ငရဲသို့ ကျရောက်မည်ဖြစ်သည်။ ထို့အတူ ဂျန္နသ်သုခဘုံအား စိတ်မနှစ်မြို့ဖွယ်ရာများဖြစ်သည့် သာသနာ့အမိန့်များအပေါ် စွဲစွဲမြဲမြဲလိုက်နာကျင့်သုံးခြင်း၊ ဟရာမ် တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်း ၎င်းတို့အပေါ်သည်းခံခြင်း စသည့်အရာများဖြင့် ဝန်းရံထားသည်။ ထို့ကြောင့် လူတစ်ဦးသည် ထိုအချက်များအပေါ် မိမိ၏စိတ်ကို ဂျိဟာဒ်ပြုပါက ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি الفولانية အီတလီ অরমো কন্নড় الولوف البلغارية আজারী الأكانية الأوزبكية الأوكرانية الجورجية اللينجالا المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. စိတ်ရိုင်းအလိုရမ္မက်များတွင် ကျရောက်ရသည့် အဓိကအကြောင်းရင်းမှာ ရှိုင်သွာန်မိစ္ဆာသည် မကောင်းသောအရာများနှင့် စက်ဆုပ်ရွံရှာဖွယ်ရာတို့အား လူသား၏စိတ်ထဲတွင် ကောင်းမွန်သည်ဟု အထင်ရောက်စေရန်နှင့် ထိုဘက်သို့ ယိမ်းယိုင်လာစေရန် တန်ဆာဆင်ပေးသည့်အတွက် ဖြစ်သည်။
  2. တားမြစ်ထားသည့် စိတ်အလိုရမ္မက်များသည် ဂျဟန္နမ်ငရဲဘုံသို့ ရောက်ရှိစေသည့် လမ်းဖြစ်သည့်အတွက် ရှောင်ကြဉ်ရမည်။ ထို့အတူ စိတ်မနှစ်မြို့ဖွယ်ရာများသည် ဂျန္နသ်သုခဘုံသို့ ရောက်စေသည့် လမ်းဖြစ်သည့်အတွက် ထိုအပေါ် သည်းခံရမည်။
  3. ‘နဖ်စ်' စိတ်ရိုင်းဖြင့် ဂျိဟာဒ်ပြုခြင်း၊ အိဗာဒသ်ပြုရန် ကြိုးစားအားထုတ်ခြင်း၊ အမိန့်နာခံမှု၌ရှိနေသော အခက်အခဲများ၊ စိတ်မနှစ်မြို့ဖွယ်ရာများအပေါ်သည်းခံခြင်း၏ မွန်မြတ်မှုကို ဖော်ပြထားသည်။
ထပ်၍