+ -

عن عطاء بن يسار وأبي هريرة رضي الله عنه مرفوعاً: "اللهم لا تجعل قبري وثنا يُعبد، اشتد غضب الله على قوم اتخذوا قبور أنبيائهم مساجد".
[صحيحان] - [حديث عطاء بن يسار: رواه مالك. حديث أبي هريرة رضي الله عنه: رواه أحمد]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။
အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ကဗရ်အား ကိုးကွယ်ရာအဖြစ် မပြုလုပ်လိုက်ပါနှင့်။ မိမိတို့နဗီတမန်တော်များ၏ ကဗရ်များကို ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသော အမျိုးသားတို့အား အလ္လာဟ်အရှင်မြတ်သည် အလွန်အမျက်ထွက်တော်မူသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [အိမာမ် အဟ်မဒ် ဆင့်ပြန်ခဲ့သည်။] - [مسند أحمد - 7358]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အရှင်မြတ်ထံတော်၌ မိမိ၏ကဗရ်အား လူတို့ကြည်ညို ကိုးကွယ်ကြသည့် ကိုးကွယ်ရာအဖြစ် မပြုလုပ်ရန်နှင့် ကဗရ်ရှေ့တွင် စဂ်ျဒဟ်ဦးချခြင်းတို့ မပြုစေရန် ဒုအာတောင်းတော်မူခဲ့သည်။ ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နဗီတမန်တော်များ၏ ကဗရ်များကို ဦးချရာနေရာများအဖြစ် သတ်မှတ်ခဲ့ကြသူများကို အလ္လာဟ်အရှင်မြတ်က မိမိ၏ကရုဏာတော်မှ ကင်းဝေးစေမည်ဖြစ်ကြောင်း အသိပေးမိန့်ကြားတော်မူခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ကဗရ်များကို ဦးချရာနေရာများအဖြစ် သတ်မှတ်ခြင်းသည် ၎င်းတို့အား ကိုးကွယ်ယုံကြည်မှုကို ဖြစ်စေသည့် အကြောင်းအရင်းတစ်ခုပင်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية মালাগাসি အီတလီ অরমো কন্নড় আজারী الأوزبكية الأوكرانية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. နဗီတမန်တော်များ၊ ဝလီသူတော်စင်များ၏ ကဗရ်သင်္ချိုင်းများတွင် ရှရီအသ်တရားတော်က ခွင့်ပြုထားသည်ထက် ဘောင်ကျော်ခြင်းသည် ထိုကဗရ်သင်္ချိုင်းများကို အလ္လာအရှင်မြတ်အပြင် ခဝပ်ကိုးကွယ်ရာများအဖြစ် ပြုလုပ်လိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် ရှိရ်က် ဖက်စပ်ယှဉ်တွဲကိုးကွယ်မှုကို ဖြစ်စေသည့် အကြောင်းခံများကို ရှောင်ကြဉ်ရန် အရေးကြီးသည်။
  2. ကဗရ်ထဲတွင် မြှုပ်နှံထားသူသည် မည်မျှပင် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်သည့်ပုဂ္ဂိုလ်ဖြစ်စေ ထိုကဗရ်သင်္ချိုင်းများအား ဂုဏ်ပေးကြည်ညိုရန်၊ ထိုကဗရ်များ၌ အိဗာဒသ် ခဝပ်ကိုးကွယ်မှုပြုရန် ရည်ရွယ်ချက်ဖြင့် သွားရောက်ခြင်း မပိုင်ပေ။
  3. ကဗရ်များပေါ်တွင် စဂ်ျဒဟ်ဦးချရာနေရာများ(ဗလီများ) တည်ဆောက်ခြင်းဟရာမ်ဖြစ်သည်။
  4. ဗလီမဆောက်ထားလျှင်လည်း ကဗရ်သင်္ချိုင်းများတွင် ဆွလာသ်ဆောက်တည်ခြင်းသည် ဟရာမ်ဖြစ်သည်။ သို့သော် ဂျနာဇဟ် ဆွလာသ်ဝတ်မပြုဘဲမြှုပ်နှံခံရသူအား ကဗရ်တွင်သွားရောက်ကာ ဂျနာဇဟ် ဆွလာသ်ဝတ်ပြုခွင့်ရှိသည်။
ထပ်၍