အမျိုးအစား: . . .
عن عبد الله بن عمرو رضي الله عنهما عن النبي صلى الله عليه وسلم قال:

«لَيْسَ الْوَاصِلُ بِالْمُكَافِئِ، وَلَكِنِ الْوَاصِلُ الَّذِي إِذَا قُطِعَتْ رَحِمُهُ وَصَلَهَا».
[صحيح] - [رواه البخاري] - [صحيح البخاري: 5991]
المزيــد ...

အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ ဆင့်ပြန်ခဲ့သည်။
ဆွေမျိုးအချင်းချင်း အပြန်အလှန် တုံ့ပြန်ဆက်ဆံသူသည် စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူမဟုတ်ပေ။ စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူဟူသည် ဆွေမျိုးများက အဆက်အသွယ် ဖြတ်လိုက်သည့်အခါ ပြန်ဆက်သွယ်သူဖြစ်သည်။

الملاحظة
Fiiro gar ah
النص المقترح لا يوجد...

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။] - [صحيح البخاري - 5991]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်။ စစ်မှန်ပြည့်ဝသော ဆွေမျိုးဆက်သူဆိုသည်မှာ ဆွေမျိုးသားချင်းများကို ကောင်းကျိုးပြုသူဖြစ်ပြီး သူ့ဘက်က ကျေးဇူးပြုသည့်အတွက် ကိုယ့်ဘက်ကပြန်၍ ကျေးဇူးတုံ့ပြန်သူ မဟုတ်ပါ။ ထို့ပြင် ဆွေမျိုးဆက်ရာတွင် အမှန်တကယ်အပြည့်အဝဆွေမျိုးဆက်သူဟူသည် မိမိအား ဆွေမျိုးအဆက်ဖြတ်ထားသူကို ပြန်လည်ဆက်သွယ်ကာ ဆွေမျိုးဆက်သူ၊ ၎င်းတို့၏မကောင်းမှုကို ကောင်းမှုဖြင့် တုံ့ပြန်သူဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တရားတော်၌ အသိအမှတ်ပြုထားသော ဆွေမျိုးဆက်ခြင်းဟူသည် ဆွေမျိုးသားချင်းများအနက် သင့်အား အဆက်ဖြတ်သူကို ဆက်သွယ်ခြင်း၊ မတရားပြုသူကို ခွင့်လွှတ်ခြင်း၊ မပေးကမ်းဘဲနေသူကို ပေးကမ်းခြင်းတို့ ဖြစ်ပြီး သူ့ဘက်က အဆက်အသွယ်ထားသည့်အတွက် ကိုယ့်ဘက်က ပြန်ဆက်သွယ်ခြင်း၊ ကျေးဇူးအစား ကျေးဇူးတုံ့ပြန်ခြင်းမျိုး မဟုတ်ပါ။
  2. ဆွေမျိုးအဆက်ထားခြင်းဟူသည် ငွေကြေးဥစ္စာပေးကမ်းခြင်း၊ ဒုအာတောင်းပေးခြင်း၊ ကောင်းရာညွှန်ကြားခြင်း၊ မကောင်းမှုမှ တားမြစ်ခြင်း စသည်ဖြင့်
  3. တတ်နိုင်သမျှ ကောင်းကျိုးများဆောင်ရွက်ပေးခြင်း၊ ဆိုးကျိုးများကို တတ်နိုင်သမျှ ဖယ်ရှားပေးခြင်းဖြစ်သည်။
الملاحظة
صلة الرحم المعتبرة شرعًا أن تصل من قطعك، وتعفو عمن ظلمك، وتعطي من حرمك ، وليست صلة المقابلة والمجازاة.
مامعنى (وليست صلة المقابلة والمجازاة)
النص المقترح صلة الرحم المعتبرة شرعًا أن تصل من قطعك، وتعفو عمن ظلمك، وتعطي من حرمك ، وليست صلة المقابلة والمجازاة.
الملاحظة
صلة الرحم المعتبرة شرعًا أن تصل من قطعك، وتعفو عمن ظلمك، وتعطي من حرمك ، وليست صلة المقابلة والمجازاة.
مامعنى (وليست صلة المقابلة والمجازاة)
النص المقترح صلة الرحم المعتبرة شرعًا أن تصل من قطعك، وتعفو عمن ظلمك، وتعطي من حرمك ، وليست صلة المقابلة والمجازاة.
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (67)
အမျိုးအစားများ
  • . .
ထပ်၍