لَمْ يَكُنِ النَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَاحِشًا وَلَا مُتَفَحِّشًا، وَكَانَ يَقُولُ: «إِنَّ مِنْ خِيَارِكُمْ أَحْسَنَكُمْ أَخْلَاقًا».
[صحيح] - [متفق عليه] - [صحيح البخاري: 3559]
المزيــد ...
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ပြောကြားခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် နှုတ်လျှာကြမ်းတမ်းသူ မဟုတ်သလို စက်ဆုပ်ဖွယ်ရာများကို ပြောဆိုသူလည်း မဟုတ်ပေ။ ကိုယ်တော်က မိန့်ကြားလေ့ရှိသည်မှာ ဧကန်အမှန်ပင် အသင်တို့အနက် အကောင်းဆုံးသူသည် ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 3559]
စက်ဆုပ်ဖွယ်ရာများကို ပြောဆိုခြင်း၊ မကောင်းသည့် လုပ်ရပ်ကို လုပ်ဆောင်ခြင်းသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကိုယ်ကျင့်တရား မဟုတ်ပေ။ ကိုယ်တော်သည် ထိုကိစ္စများကို မရည်ရွယ်ဘဲ ပြုလုပ်ခဲ့ခြင်းမရှိသလို တမင်ပြုလုပ်ခဲ့ခြင်းလည်းမရှိပေ။ ထို့ပြင် ကိုယ်တော်သည် ကြီးကျယ်လှသည့် အကျင့်စာရိတ္တပိုင်ရှင်ဖြစ်တော်မူသည်။
ကိုယ်တော်က မိန့်ကြားလေ့ရှိသည်မှာ ဧကန်အမှန်ပင် အသင်တို့အနက် အလ္လာဟ်အရှင်မြတ်ထံတော်တွင် အကောင်းဆုံးသူမှာ ကောင်းကျိုးဆောင်ရွက်ခြင်း၊ ပြုံးရွှင်ချိုသာသောမျက်နှာရှိခြင်း၊ ကောင်းမွန်ချိုသာစွာ စကားပြောခြင်း၊ ဘေးဒုက္ခများကို ကာကွယ်ပေးခြင်၊ လူတို့နှင့် ကောင်းစွာဆက်ဆံခြင်းစသည့် အရည်အချင်းများနှင့် ပြည့်စုံသူ ကိုယ်ကျင့်တရား အကောင်းဆုံးသူပင်ဖြစ်သည်။