+ -

عن جابر رضي الله عنه قال: سمعت رسول الله صلى الله عليه وسلم يقول:
«أَفْضَلُ الذِّكْرِ: لَا إِلَهَ إِلَّا اللهُ، وَأَفْضَلُ الدُّعَاءِ: الْحَمْدُ لِلهِ».

[حسن] - [رواه الترمذي والنسائي في الكبرى وابن ماجه] - [سنن الترمذي: 3383]
المزيــد ...

ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
အမွန်မြတ်ဆုံး ဇိက်ရ်တော်မှာ ‘လာအိလာဟ အိလ္လလ္လာဟ်’ ဖြစ်ပြီး အမွန်မြတ်ဆုံး ဒုအာဆုမွန်မှာ ‘အလ်ဟမ်ဒု လိလ္လာဟ်’ ဖြစ်သည်။

[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] - - [سنن الترمذي - 3383]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစ္စလာမ်)က “အမွန်မြတ်ဆုံး ဇိက်ရ်တော်မှာ ‘လာအိလာဟ အိလ္လလ္လာဟ်’ ဖြစ်သည်”ဟု မိန့်ကြားတော်မူခဲ့သည်။ ထိုကလိမဟ်တော်၏ အဓိပ္ပါယ်မှာ - အလ္လာဟ်အရှင်မြတ်မှအပ ခဝပ်ကိုးကွယ်ခြင်းခံထိုက်သောအရှင်မရှိ ဟူ၍ ဖြစ်သည်။ ထို့အတူ “အမွန်မြတ်ဆုံး ဒုအာဆုမွန်မှာ ‘အလ်ဟမ်ဒု လိလ္လာဟ်’ ဖြစ်သည်”ဟု မိန့်ကြားတော်မူခဲ့သည်။ ဤသည် လှပပြည့်စုံသည့် ဂုဏ်တော်အပါင်းကို ပိုင်ဆိုင်တော်မူသော၊ ချွတ်ယွင်းမှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်သာလျှင် နိအ်မသ် စည်းစိမ်များကို ချီးမြှင့်တော်မူသောအရှင်ဖြစ်ကြောင်း ဝန်ခံပြောကြားခြင်းဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية মালাগাসি အီတလီ অরমো কন্নড় আজারী الأوزبكية الأوكرانية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကလိမဟ်သောင်ဟီးဒ် ‘လာအိလာဟ အိလ္လလ္လာဟ်’နှင့် ‘အလ်ဟမ်ဒုလိလ္လာဟ်’ ဒုအာကို မြားမြောင်စွာ ရွတ်ဖတ်ရန် တိုက်တွန်းထားသည်။
ထပ်၍