+ -

عَنْ أَنَسٍ رضي الله عنه قَالَ:
جَاءَ رَجُلٌ إِلَى النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ فَقَالَ: يَا رَسُولَ اللهِ، مَا تَرَكْتُ حَاجَّةً وَلَا دَاجَّةً إِلَّا قَدْ أَتَيْتُ، قَالَ: «أَلَيْسَ تَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ وَأَنَّ مُحَمَّدًا رَسُولُ اللهِ؟» ثَلَاثَ مَرَّاتٍ. قَالَ: نَعَمْ، قَالَ: «فَإِنَّ ذَلِكَ يَأْتِي عَلَى ذَلِكَ».

[صحيح] - [رواه أبو يعلى والطبراني والضياء المقدسي] - [الأحاديث المختارة للضياء المقدسي: 1773]
المزيــد ...

အနတ်စ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံသို့ လာရောက်၍ အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် သေးငယ်သည်ဖြစ်စေ၊ ကြီးလေးသည်ဖြစ်စေ မည်သည့်အပြစ်အကုသိုလ်တစ်ခုမျှမကျန် ကျူးလွန်ခဲ့ပါသည်ဟု လျှောက်ထားခဲ့သည်။ ထိုအခါ ကိုယ်တော်က သင်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခဲ့သည် မဟုတ်လောဟု သုံးကြိမ်တိုင်တိုင် မိန့်ကြားခဲ့သည်။ ၎င်းက ဟုတ်ကဲ့ပါဟု ဖြေကြားခဲ့ရာ ကိုယ်တော်မြတ်က ဧကန်အမှန်ပင် ထိုသက်သေခံခြင်းနှစ်ခုက ၎င်း(အပြစ်အကုသိုလ်) တို့ကို ပယ်ဖျက်ပေးလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - - [الأحاديث المختارة للضياء المقدسي - 1773]

ရှင်းလင်းချက်

ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံလာရောက်၍ အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုးသည် ပြစ်မှုဒုစရိုက်တိုင်းကို ကျူးလွန်ခဲ့ပါသည်။ သေးငယ်သည်ဖြစ်စေ၊ ကြီးလေးသည်ဖြစ်စေ အပြစ်ဟူသမျှကို ကျူးလွန်ခဲ့ပါသည်။ ကျွန်တော်မျိုးသည် အပြစ်များမှ ခွင့်လွှတ်ချမ်းသာခွင့် ရနိုင်ပါသလားဟု လျှောက်ထား မေးမြန်းခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သင်သည် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ခြင်းခံထိုက်သော အရှင်မရှိကြောင်းနှင့် မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်ကြောင်းကို သက်သေခံခဲ့သည် မဟုတ်လောဟု သုံးကြိမ်တိုင်တိုင် မိန့်ကြားခဲ့သည်။ ၎င်းက ဟုတ်ကဲ့ ကျွန်တော်မျိုး သက်သေခံခဲ့ပါသည်ဟု ဖြေကြားခဲ့သည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ထိုသက်သေခံခြင်းနှစ်ခုက ယင်းအပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးလိမ့်မည်ဟု မိန့်ကြားတော်မူခဲ့သည်။ ထို့အတူ စစ်မှန်သည့် ‘သောင်ဗဟ်’ အမှားဝန်ချတောင်းပန်မှုသည် သောင်ဗဟ်မပြုမီက ကျူးလွန်ခဲ့သည့် အပြစ်များကိုပယ်ဖျက်ပေးသည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি အီတလီ অরমো কন্নড় الولوف البلغارية আজারী اليونانية الأوزبكية الأوكرانية الجورجية اللينجالا المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ရှဟာဒသ် သက်သေခံခြင်းနှစ်ခု၏ ကြီးကျယ်မှုနှင့် စိတ်နှလုံးသားအတွင်းမှ မှန်ကန်စွာသက်သေခံသူအတွက် ထိုရှဟာဒသ်သည် အပြစ်အကုသိုလ်များထက် ပို၍အချိန်စီးကြောင်း ဖော်ပြထားသည်။
  2. အစ္စလာမ်သာသနာသည် အစ္စလာမ်လက်မခံမီက ကျူးလွန်ခဲ့သည့် အပြစ်များကို ပယ်ဖျက်ပေးသည်။
  3. စစ်မှန်သည့် ‘သောင်ဗဟ်’ အမှားဝန်ချတောင်းပန်မှုသည် သောင်ဗဟ်မပြုမီက ကျူးလွန်ခဲ့သည့် အပြစ်များကိုပယ်ဖျက်ပေးသည်။
  4. သင်ကြားပေးရာ၌ ထပ်တလဲလဲ ပြောဆိုခြင်းသည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ သင်ကြားမှုနည်းလမ်းတစ်ခုပင်ဖြစ်သည်။
  5. ရှဟာဒသ် သက်သေခံခြင်းနှစ်ခု၏ ထွတ်မြတ်မှုကိုဖေါ်ပြထားသည်။ ၎င်းတို့သည် ဂျဟန္နမ်ငရဲမီးဘေးမှ လွတ်မြောက်စေမည့် အကြောင်းခံတစ်ရပ်ဖြစ်သည်။
ထပ်၍