+ -

عن أبي هريرة رضي الله عنه مرفوعا: "قال تعالى : أنا أغنى الشركاء عن الشرك؛ من عمل عملا أشرك معي فيه غيري تركتُه وشِرْكَه".
[صحيح] - [رواه مسلم]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
ကြီးကျယ် မြင့်မားတော်မူသော အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အကြင်သူသည် အမလ်ကောင်းမှုပြုလုပ်ရာတွင် ငါအရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကို ဖက်စပ်ကိုးကွယ်ခဲ့လျှင် ငါအရှင်မြတ်သည် ထိုသူနှင့် သူ၏ဖက်စပ်ကိုးကွယ်မှုကိုပါ စွန့်ပစ်တော်မူသည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2985]

ရှင်းလင်းချက်

ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားချက်ကို တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားတော်မူခဲ့သည်။ အလ္လာဟ်အရှင်မြတ်သည် ဖက်စပ်ကိုးကွယ်သူတို့၏ ဖက်စပ်ကိုးကွယ်ခြင်းမှ ကင်းရှင်းတော်မူသည်။ အရှင်မြတ်သည် အရာခပ်သိမ်းအလုံးစုံမှ လိုလားတောင့်တမှု ကင်းတော်မူသောအရှင်ဖြစ်သည်။ လူတစ်ဦးသည် အမလ်ကောင်းမှုတစ်ခုကို ဆောင်ရွက်ရာ၌ အလ္လာဟ်အရှင်မြတ်နှင့်အတူ အခြားတစ်စုံတစ်ရာကိုပါ ယှဉ်တွဲကိုးကွယ်ခဲ့လျှင် အရှင်မြတ်သည် ထိုသူကို စွန့်ပစ်တော်မူပြီး သူပြုလုပ်သည့် ကောင်းမှုကို လက်ခံတော်မူမည် မဟုတ်ပေ။ ထိုကောင်းမှုကို ၎င်းသူထံသို့သာ စွန့်ပစ်တော်မူမည်။ ထို့ကြောင့် အမလ်ကောင်းမှုများကို အလ္လာဟ်အရှင်မြတ် တစ်ဆူတည်းအတွက်သာ သီးသန့်ပြုလုပ်ရန် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ချွတ်ယွင်းမှုအပေါင်းမှ သန့်ရှင်းစင်ကြယ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် မိမိအတွက် သီးသန့်ရည်ရွယ်၍ပြုလုပ်သည့် အမလ်ကောင်းမှုကိုသာ လက်ခံတော်မူသည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية মালাগাসি အီတလီ অরমো কন্নড় আজারী الأوزبكية الأوكرانية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ရှိရ်က်နှင့် ၎င်း၏ပုံစံအသီးသီးတို့မှ သတိပေးတားမြစ်ထားသည်။ ရှိရ်က်သည် အမလ်ကောင်းမှုများ လက်ခံသဘောတူခြင်းခံရမှုကို အတားဆီးဖြစ်စေသည်။
  2. အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်မှုနှင့် အရှင်မြတ်သည် လိုလားတောင့်တမှုအပေါင်းမှ ကင်းစင်တော်မူကြောင်းကို သိရှိရပြီး ထိုအချက်က အမလ်ကောင်းမှုများကို အိခ်လာဆ်ွဖြင့်ပြုလုပ်ရန် အကူအညီဖြစ်စေသည်။
ထပ်၍