عَن ابْنِ عُمَرَ رضي الله عنهما:
أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ يَرْفَعُ يَدَيْهِ حَذْوَ مَنْكِبَيْهِ إِذَا افْتَتَحَ الصَّلَاةَ، وَإِذَا كَبَّرَ لِلرُّكُوعِ، وَإِذَا رَفَعَ رَأْسَهُ مِنَ الرُّكُوعِ، رَفَعَهُمَا كَذَلِكَ أَيْضًا، وَقَالَ: «سَمِعَ اللَّهُ لِمَنْ حَمِدَهُ، رَبَّنَا وَلَكَ الحَمْدُ»، وَكَانَ لاَ يَفْعَلُ ذَلِكَ فِي السُّجُودِ.
[صحيح] - [متفق عليه] - [صحيح البخاري: 735]
المزيــد ...
အိဗ်နု အိုမရ် (ရဿွိရလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်စတင်သည့်အခါ မိမိလက်နှစ်ဖက်ကို ပုခုံးနှစ်ဖက်နှင့် တစ်ပြေးတည်း မြှောက်တော်မူသည်။ ထိုအတူ ရုကူအ်ဦးညွှတ်ရန် သက္ကဗိရ်ဆိုသည့်အခါနှင့် ဦညွှတ်ရာမှ မိမိဦးခါင်းကိုပြန်ကြွသည့်အခါတွင်လည်း ထိုအတိုင်းပင် လက်နှစ်ကိုမြှောက်တော်မူသည်။ ထို့နောက် “سَمِعَ اللّٰهُ لِمَنْ حَمِدَهُ، رَبَّنَا وَلَكَ الحَمْدُ”(ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အလ္လာဟ်အရှင်မြတ်မှ လက်ခံတော်မူပါ။ အို - ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာ ဖြစ်ပါ၏)ကို ရွတ်ဆိုတော်မူသည်။ ကိုယ်တော်သည် စဂ်ျဒဟ်ဦးချသည့်အခါ ထိုသို့လက်နှစ်ဖက်မြှောက်ခြင်းကို ပြုလုပ်လေ့မရှိပါ။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 735]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ဆောက်တည်စဉ် သုံးနေရာ၌ လက်နှစ်ဖက်ကို (ပခုံးနှင့် လက်မောင်းဆုံသည့်) ပခုံးဆစ်နှစ်ဖက်နှင့် တစ်တန်းတည်း သို့မဟုတ် တပြေးတည်း မြှောက်တော်မူခဲ့သည်။
ပထမနေရာမှာ ဆွလာသ်စတင်ရန် ‘သက္ကဗိရ် သဟ်ရီမဟ်’ ဆိုသည့်အချိန်တွင်ဖြစ်သည်။
ဒုတိယနေရာမှာ ရုကူအ်ဦးညွှတ်ရန် သက္ကဗိရ်ဆိုသည့်အခါဖြစ်သည်။
တတိယနေရာမှာ“سَمِعَ اللّٰهُ لِمَنْ حَمِدَهُ، رَبَّنَا وَلَكَ الحَمْدُ” ဆိုပြီး ရုကူအ် ဦးညွှတ်ရာမှ ပြန်ထပြီသည့်အခါတွင်ဖြစ်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် ဦးချသည့်အခါနှင့် ဦးချရာမှ ပြန်ထသည့်အခါတွင် လက်မြှောက်ခြင်းမပြုပါ။