1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ဖိကဟ်နှင့် ၎င်း၏စည်းမျဥ်းများ။

ဟဒီးဆ် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်စတင်သည့်အခါ မိမိလက်နှစ်ဖက်ကို ပုခုံးနှစ်ဖက်နှင့် တစ်ပြေးတည်း မြှောက်တော်မူသည်။

عَن ابْنِ عُمَرَ رضي الله عنهما:
أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ يَرْفَعُ يَدَيْهِ حَذْوَ مَنْكِبَيْهِ إِذَا افْتَتَحَ الصَّلَاةَ، وَإِذَا كَبَّرَ لِلرُّكُوعِ، وَإِذَا رَفَعَ رَأْسَهُ مِنَ الرُّكُوعِ، رَفَعَهُمَا كَذَلِكَ أَيْضًا، وَقَالَ: «سَمِعَ اللَّهُ لِمَنْ حَمِدَهُ، رَبَّنَا وَلَكَ الحَمْدُ»، وَكَانَ لاَ يَفْعَلُ ذَلِكَ فِي السُّجُودِ.

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အိဗ်နု အိုမရ် (ရဿွိရလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်စတင်သည့်အခါ မိမိလက်နှစ်ဖက်ကို ပုခုံးနှစ်ဖက်နှင့် တစ်ပြေးတည်း မြှောက်တော်မူသည်။ ထိုအတူ ရုကူအ်ဦးညွှတ်ရန် သက္ကဗိရ်ဆိုသည့်အခါနှင့် ဦညွှတ်ရာမှ မိမိဦးခါင်းကိုပြန်ကြွသည့်အခါတွင်လည်း ထိုအတိုင်းပင် လက်နှစ်ကိုမြှောက်တော်မူသည်။ ထို့နောက် “سَمِعَ اللّٰهُ لِمَنْ حَمِدَهُ، رَبَّنَا وَلَكَ الحَمْدُ”(ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အလ္လာဟ်အရှင်မြတ်မှ လက်ခံတော်မူပါ။ အို - ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာ ဖြစ်ပါ၏)ကို ရွတ်ဆိုတော်မူသည်။ ကိုယ်တော်သည် စဂ်ျဒဟ်ဦးချသည့်အခါ ထိုသို့လက်နှစ်ဖက်‌မြှောက်ခြင်းကို ပြုလုပ်လေ့မရှိပါ။

صحيح متفق عليه صحيح البخاري - 735

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ဆောက်တည်စဉ် သုံးနေရာ၌ လက်နှစ်ဖက်ကို (ပခုံးနှင့် လက်မောင်းဆုံသည့်) ပခုံးဆစ်နှစ်ဖက်နှင့် တစ်တန်းတည်း သို့မဟုတ် တပြေးတည်း မြှောက်တော်မူခဲ့သည်။
ပထမနေရာမှာ ဆွလာသ်စတင်ရန် ‘သက္ကဗိရ် သဟ်ရီမဟ်’ ဆိုသည့်အချိန်တွင်ဖြစ်သည်။
ဒုတိယနေရာမှာ ရုကူအ်ဦးညွှတ်ရန် သက္ကဗိရ်ဆိုသည့်အခါဖြစ်သည်။
တတိယနေရာမှာ“سَمِعَ اللّٰهُ لِمَنْ حَمِدَهُ، رَبَّنَا وَلَكَ الحَمْدُ” ဆိုပြီး ရုကူအ် ဦးညွှတ်ရာမှ ပြန်ထပြီသည့်အခါတွင်ဖြစ်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် ဦးချသည့်အခါနှင့် ဦးချရာမှ ပြန်ထသည့်အခါတွင် လက်မြှောက်ခြင်းမပြုပါ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွလာသ်၌ လက်နှစ်ဖက်မြှောက်ခြင်း၏ ဟိက်မသ်အမြာ်မြင်တစ်ခုမှာ ထိုသို့လက်မြှောက်ခြင်းသည် ဆွလာသ်၏ အလှတရားဖြစ်ပြီး ချိုတဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်ကို ဂုဏ်ပေးခြင်းလည်းဖြစ်သည်။
  2. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်၌ စတုတ္ထမြောက်နေရာတွင် လက်မြှောက်ခဲ့ကြောင်းကို အဗူဒါဝူဒ်ကျမ်းနှင့် အခြားကျမ်းများတွင် လာရှိသော အဗူဟမီးဒ် အတ်စာအိဒီး၏ ဆင့်ပြန်ချက်တွင် အတည်ပြုထားသည်။ ထိုနေရာမှာ သုံးရကအသ်နှင့် လေးရကအသ်ရှိသော ဆွလာသ်များတွင် ပထမကိုင်ဒဟ်ထိုင်ပြီးနောက် ကိယာမ်ပြန်ရပ်သည့်အခါတွင် ဖြစ်သည်။
  3. တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လက်နှစ်ဖက်ကို နားရွက်နှင့်မထိဘဲ နားနှစ်ဖက်နှင့် အညီမြှောက်ခဲ့ကြောင်းကို ဗုခါရီကျမ်းနှင့် မွတ်စလင်မ်ကျမ်းတွင် မာလိက်ဗင်န် ဟုဝိုင်းရိဆ်၏ ဆင့်ပြန်ချက်တွင် လာရှိသည်။ “အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် သက္ကဗိရ်ဆိုသည့်အခါ လက်နှစ်ဖက်ကို နားနှစ်ဖက်နှင့်အညီ မြှောက်တော်မူသည်။”
  4. ရှေ့ဆောင်အိမာမ်နှင့် တစ်ဦးတည်းဝတ်ပြုသူသည် “سَمِعَ اللّٰهُ لِمَنْ حَمِدَهُ“ နှင့် “رَبَّنَا وَلَكَ الحَمْدُ” နှစ်ခုစလုံးကို ဆိုရမည်။ အိမာမ်ရှ့ဆောင်၏ နောက်လိုက်အဖြစ် ဝတ်ပြုသူသည် “رَبَّنَا وَلَكَ الحَمْدُ”ကိုသာ ဆိုရမည်။
  5. ရူကူအ်ဦးညွှတ်ရာမှ ပြန်ထပြီးနောက် ရွတ်ဆိုခဲ့သည့် စာသားလေးမျိုးရှိကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံမှ မှန်ကန်သောဆင့်ပြန်ချက်ဖြင့် လာရှိထားသည်။ ၎င်းတို့အနက်”رَبَّنَا وَلَكَ الحَمْدُ” ဆိုခြင်းသည်လည်း တစ်ခုအပါအဝင်ဖြစ်သည်။ အကောင်းဆုံးမှာ လူတစ်ဦးအနေဖြင့် ထိုစာသားများအားလုံးကို တစ်လှည့်စီ ရွတ်ဆိုသင့်သည်။

ဘာသာပြန်များကို ကြည့်ရှုရန်

58 ဘာသာစကား
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
FR Français الفرنسية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TA தமிழ் التاميلية
TH ไทย التايلندية
DE Deutsch الألمانية
PS پښتو بشتو
AS অসমীয়া الأسامية
SQ Shqip الألبانية
SV Svenska السويدية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
KY Кыргызча القيرقيزية
NE नेपाली النيبالية
YO Yorùbá اليوروبا
LT Lietuvių الليتوانية
PRS دری الدرية
SR Српски الصربية
SO Soomaali الصومالية
TG тоҷикӣ الطاجيكية
RW Kinyarwanda الكينياروندا
RO Română الرومانية
HU Magyar المجرية
CS Čeština التشيكية
MOS Moore الموري
MG Malagasy المالاجاشية
OM Oromoo الأورومو
KN ಕನ್ನಡ الكانادا
WO Wolof الولوف
AZ Azərbaycan الأذربيجانية
UZ O‘zbek الأوزبكية
UK Українська الأوكرانية
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية
KMR Kurmancî الكرمنجية