အမျိုးအစား: .
عن خَولة الأنصاريةِ رضي الله عنها قالت: سمعت النبي صلى الله عليه وسلم يقول:

«إِنَّ رِجَالًا يَتَخَوَّضُونَ فِي مَالِ اللهِ بِغَيْرِ حَقٍّ، فَلَهُمُ النَّارُ يَوْمَ الْقِيَامَةِ».
[صحيح] - [رواه البخاري] - [صحيح البخاري: 3118]
المزيــد ...

ခေါင်လဟ် အလ်အန်စွာရီယဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်ကို ကျွန်မကြားသိခဲ့သည်။
လူတစ်ချို့သည် အလ္လာဟ်အရှင်မြတ်၏ပစ္စည်းများကို မမှန်မကန် သုံးစွဲကြသည်။ ထို့ကြောင့် ၎င်းတို့အတွက် ကိယာမသ်နေ့တွင် ငရဲမီးရှိသည်။

الملاحظة
محسن.ط.' س.'. س'س'س.ط.ط.ضغط ططج سسجسط س.س. سسسس
النص المقترح لا يوجد...
الملاحظة
8u6ft7ujyij
النص المقترح How ftthhhyghhjh8uyhyg

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။] - [صحيح البخاري - 3118]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မွတ်စ်လင်မ်တို့၏ ဥစ္စာပစ္စည်းများကို မမှန်ကန်သောနည်းဖြင့် သုံးစွဲကြသူများ၊ ဥစ္စာပစ္စည်းများကို မတရားသဖြင့် ရယူကြသူများနှင့် စပ်လျဉ်း၍ အသိပေးမိန့်ကြားခဲ့သည်။ ၎င်း၏ဆိုလိုရင်း၌ ဥစ္စာပစ္စည်းကို မတရားသဖြင့် စုဆောင်းရှာဖွေခြင်း၊ မသုံးစွဲသင့်သည့်နေရာများတွင် သုံးစွဲခြင်းစသည်တို့အားလုံးပါဝင်သည်။ ထိုလုပ်ရပ်ထဲ၌ ဘမဲ့ကလေးများ၏ ပစ္စည်းဥစ္စာများကို စားသုံးခြင်း၊ ဝက်ဖ် လှူဒါန်းထားသောဥစ္စာပစ္စည်းအား မစားထိုက်ဘဲစားသုံးခြင်း၊ ယုံကြည်စွာအပ်နှံထားသော ပစ္စည်းများကို ပေးရန်ငြင်းဆိုခြင်း၊ အများပိုင်ပစ္စည်းများကို မယူထိုက်ဘဲရယူခြင်း စသည်တို့အားလုံးပါဝင်သည်။
သို့ဖြစ်၍ ကိယာမသ်နေ့တွင် ထိုသို့ပြုကြသူတို့၏အစားသည် ဂျဟန္နမ်ငရဲမီးပင်ဖြစ်ကြောင်း တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က အသိပေးမိန့်ကြားထားသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လူတို့ထံ၌ရှိသော ဥစ္စာပစ္စည်းများသည် အလ္လာဟ်အရှင်မြတ်၏ ဥစ္စာပစ္စည်းသာဖြစ်သည်။ အရှင်မြတ်သည် ထိုပစ္စည်းများအား တရားတော်က ခွင့်ပြုထားသည့် နည်းလမ်းများအတိုင်း သုံးစွဲရန်နှင့် မမှန်မကန်သုံးစွဲခြင်းမှ ရှောင်ကြဉ်ရန် ၎င်းတို့အား တာဝန်ပေးထားခြင်းဖြစ်သည်။ ဤပညတ်ချက်သည် ခေါင်းဆောင်များဖြစ်စေ၊ အခြားသူများဖြစ်စေ အားလုံးနှင့်သက်ဆိုင်သည်။
  2. အများပိုင်ပစ္စည်းနှင့်ပတ်သက်လျှင် ရှရီအဟ် တရားဥပ‌ဒေသည် အလွန်ပင်တင်းကြပ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တာဝန်ယူရသူ မည်သူမဆို ကိယာမသ်နေ့၌ ၎င်း၏စုဆောင်းမှု၊ သုံးစွဲမှုများအတွက် စာရင်းစစ်ခံရမည်ဖြစ်သည်။
  3. မိမိပစ္စည်းကိုဖြစ်စေ၊ အခြားသူ၏ပစ္စည်းကိုဖြစ်စေ ရှရီအဟ်တရားတော်နှင့် ဆန့်ကျင်ဘက် သုံးစွဲသူမည်သူမဆို ဤသတိပေး ခြိမ်းခြောက်မှုတွင် ပါဝင်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (67)
အမျိုးအစားများ
  • . .
ထပ်၍