«حُجِبَتِ النَّارُ بِالشَّهَوَاتِ، وَحُجِبَتِ الْجَنَّةُ بِالْمَكَارِهِ».
[صحيح] - [رواه البخاري] - [صحيح البخاري: 6487]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဂျဟန္နမ်ငရဲအား စိတ်အလိုရမ္မက်များဖြင့် ဖုံးအုပ်ထားပြီး ဂျန္နသ်သုခဘုံအား မနှစ်မြို့ဖွယ်ရာများဖြင့် ဖုံးအုပ်ထားသည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။] - [صحيح البخاري - 6487]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်။ ဧကန်အမှန်ပင် ဂျဟန္နမ်ငရဲအား စိတ်အလိုရမ္မက်များဖြစ်သည့် ဟရာမ်တားမြစ်ချက်များကိုကျူးလွန်ခြင်း၊ ဖရ်ဿ်ွတာဝန်များကို ပေါ့လျော့ခြင်းစသည့်အရာများဖြင့် ဝန်းရံထားသည်။ ထို့ကြောင့် မည်သူမဆို စိတ်အလိုရမ္မက်နောက်သို့ လိုက်ပါက ဂျဟန္နမ်ငရဲသို့ ကျရောက်မည်ဖြစ်သည်။ ထို့အတူ ဂျန္နသ်သုခဘုံအား စိတ်မနှစ်မြို့ဖွယ်ရာများဖြစ်သည့် သာသနာ့အမိန့်များအပေါ် စွဲစွဲမြဲမြဲလိုက်နာကျင့်သုံးခြင်း၊ ဟရာမ် တားမြစ်ချက်များကို ရှောင်ကြဉ်ခြင်း ၎င်းတို့အပေါ်သည်းခံခြင်း စသည့်အရာများဖြင့် ဝန်းရံထားသည်။ ထို့ကြောင့် လူတစ်ဦးသည် ထိုအချက်များအပေါ် မိမိ၏စိတ်ကို ဂျိဟာဒ်ပြုပါက ဂျန္နသ်သုခဘုံသို့ ဝင်ရောက်ရမည်ဖြစ်သည်။