«الرَّاحِمُونَ يَرْحَمُهمُ الرَّحمنُ، ارحَمُوا أهلَ الأرضِ يَرْحْمْكُم مَن في السّماء».
[صحيح] - [رواه أبو داود والترمذي وأحمد] - [سنن أبي داود: 4941]
المزيــد ...
အဗ်ဒုလ္လာဟ်ဗင်န်အမ်ရ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
အကြင်နာတရားရှိသူတို့အား “ရဟ်မာန်” မဟာကရုဏာတော်ရှင်က သနားကြင်နာတော်မူမည်ဖြစ်သည်။ အသင်တို့သည် မြေပထဝီပေါ်ရှိ သတ္တဝါအပေါင်းအား သနားကြင်နာကြလေကုန်၊ မိုးကောင်းကင်ပေါ်တွင်ရှိတော်မူသော အရှင်မြတ်က အသင်တို့အား သနားကြင်နာတော်မူပေမည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ သူတစ်ပါးအပေါ် သနားကြင်နာသူများကို “ရဟ်မာန်”မဟာကရုဏာတော်ရှင်က အရာခပ်သိမ်းထက်ပို၍ ကြီးကျယ်လှသော မိမိ၏မဟာကရုဏာတော်ဖြင့် သနားကြင်နာတော်မူမည်ဖြစ်သည်။ ဤသည် ၎င်းတို့၏လုပ်ရပ်နှင့်အညီ အစားပေးခြင်းပင်ဖြစ်သည်။
ထို့နောက် ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ကမ္ဘာမြေပထဝီ၌ရှိသော လူသားများ၊ တိရစ္ဆာန်များ၊ ငှက်များနှင့် အခြားအဖန်ဆင်းခံများကို သနားကြင်နာရန် မိန့်ကြားတော်မူခဲ့သည်။ ထိုသို့ သနားကြင်နာမှု၏အစားမှာ မိုးကောင်းကင်ထက်တွင်ရှိသော အလ္လာဟ်အရှင်မြတ်က အသင်တို့အား သနားကြင်နာတော်မူမည်ဖြစ်သည်။