«من اقتبَسَ علْمًا مِنَ النُّجُومِ اقْتبَسَ شُعبَة مِن السِّحرِ، زادَ ما زادَ».
[صحيح] - [رواه أبو داود وابن ماجه وأحمد] - [سنن أبي داود: 3905]
المزيــد ...
အစ်ဗ်နုအဗ္ဗာစ် (ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သူမဆို နက္ခတ်တာရာ ဂြိုလ်စီး၊ ဂြိုလ်နင်း ပညာရပ်များအနက် ကဏ္ဍတစ်ခုအား သင်ယူဆည်းပူးခဲ့ပါက အမှန်တကယ်ပင် ၎င်းသည် ဂျာဒူပယောဂ၏ ကဏ္ဍတစ်ခုကို သင်ယူခဲ့ခြင်းပင်ဖြစ်သည်။ (သင်ယူမှု)များလာသည်နှင့်အမျှ (ဂျာဒူပယောဂအတတ်လည်း) များလာမည်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - - [سنن أبي داود - 3905]
ဟဒီးဆ်တော်၌ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ အကြင်သူသည် နက္ခတ်ဗေဒ ဂြိုလ်စီး၊ ဂြိုလ်နင်း ပညာရပ်ကို သင်ယူဆည်းပူးခဲ့ပြီး မည်သူသည် သေဆုံးမည်၊ မည်သူသည် အသက်ရှင်မည်၊ မည်သူသည် နာမကျန်းဖြစ်မည် စသည်ဖြင့် မြေပထဝီ၌ ဖြစ်ပေါ်လာမည့် ကိစ္စရပ်များကို ကြယ်တာရာများနှင့် ဂြိုလ်များ၏ လှုပ်ရှားသွားလာခြင်း၊ ဝင်ခြင်း၊ ထွက်ခြင်းတို့ဖြင့် ကောက်ချက်ချခြင်းသည် ဂျာဒူပယောဂပညာ၏ ပညာရပ်အချို့ကို သင်ယူလိုက်ခြင်းပင်ဖြစ်သည်။ လူသားတွင် ထိုပညာရပ်တိုးလာသည့်နှင့်အမျှ ဂျာဒူပယောဂအတတ်လည်း တိုးလာမည်ဖြစ်သည်။