«مَا مِنْ عَبْدٍ يَسْتَرْعِيهِ اللهُ رَعِيَّةً، يَمُوتُ يَوْمَ يَمُوتُ وَهُوَ غَاشٌّ لِرَعِيَّتِهِ، إِلَّا حَرَّمَ اللهُ عَلَيْهِ الْجَنَّةَ».
[صحيح] - [متفق عليه] - [صحيح مسلم: 142]
المزيــد ...
မအ်ကိလ် ဗင်န် ယစာရ် အလ်မုဇနီး (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်တော်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
အလ္လာဟ်အရှင်မြတ်သည် လူတစ်ဦးအား အုပ်စုတစ်စုကို ခေါင်းဆောင်ရန် ခန့်အပ်ထားရာ ထိုသူသည် ၎င်းတို့ကို လိမ်လည်လှည့်စားကာ ကွယ်လွန်ချိန်ဆိုက်ရောက်သဖြင့် ကွယ်လွန်သွားလျှင် အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အပေါ် ဂျန္နသ်သုခဘုံကို ဟရာမ်ပြုတော်မူမည် ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 142]
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်။ လူတို့အပေါ် အုပ်ချုပ်ရန်အတွက် အလ္လာဟ်အရှင်မြတ်ဘက်တော်မှ တစ်ဦးတစ်ယောက်အား တာဝန်ခံခေါင်းဆောင်အဖြစ် ခန့်အပ်ထားလျှင် ထိုခန့်အပ်မှုသည် အများနှင့်သက်ဆိုင်သည့် ကဏ္ဍဖြစ်သည့် နိုင်ငံ့ခေါင်းဆောင်ကဲ့သို့ ပုဂ္ဂိုလ်ဖြစ်စေ၊ သီးသန့်ကဏ္ဍဖြစ်သည့် အမျိုးသားတစ်ဦးအနေဖြင့် မိမိအိမ်နှင့်ပတ်သတ်၍ဖြစ်စေ၊ အမျိုးသမီးတစ်ဦးအနေဖြင့် မိမိအိမ်နှင့်ပတ်သက်၍ဖြစ်စေ မိမိတို့ တာဝန်ယူ အုပ်ထိန်းရသူများနှင့် သက်ဆိုင်သည့် တာဝန်ဝတ္တရားများကို ပေါ့လျော့ခဲ့မည်။ ၎င်းတို့အား လိမ်လည်လှည့်စားမည်။ ၎င်းတို့အား ကောင်းမွန်စွာ ဆုံးမပဲ့ပြင်ခြင်းမရှိ၊ ၎င်းတို့၏ လောကီရေး၊ သာသနာရေး အခွင့်အရေးများကို ဖျက်ဆီးခဲ့ပါက ဤပြင်းထန်သော အပြစ်ဒဏ်ကို ခံယူရမည်ဖြစ်သည်။