အမျိုးအစား: . .
عن أبي سعيد الخدري رضي الله عنه أن رسول الله صلى الله عليه وسلم قال:

«لَا ضَرَرَ وَلَا ضِرَارَ، مَنْ ضَارَّ ضَرَّهُ اللَّهُ، وَمَنْ شَاقَّ شَقَّ اللَّهُ عَلَيْهِ».
[صحيح بشواهده] - [رواه الدارقطني] - [سنن الدارقطني: 3079]
المزيــد ...

အဗူစအီးဒ် ခုဒ်ရီ (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မိမိကိုယ်မိမိ ထိခိုက်နစ်နာအောင်ပြုခြင်းနှင့် အခြားသူကို ထိခိုက်နစ်နာအောင်ပြုခြင်းတို့ မပြုလုပ်ရ။ မည်သူမဆို တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာအောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိခိုက်နစ်နာစေလိမ့်မည်။ မည်သူမဆို တစ်ဦးတစ်ယောက်အား ခက်ခဲဒုက္ခရောက်အောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအားခက်ခဲဒုက္ခရောက်စေလိမ့်မည်။

الملاحظة
هذا الحديث ضعيف ( لَا ضَرَرَ وَلَا ضِرَارَ ) في جميع طرقه إن لا تؤمن انظروا إلى سنده وتحقق عنه قال النووي: ورواه مالك في الموطأ عن عمرو بن يحيى عن أبيه، عن النبي صلى اللّٰه عليه وسلم مرسلا، فأسقط أبا سعيد، وله طرق يقوي بعضها بعضا. اتقوا الله لا تتبوئوا مكاناً من النار لا تنسبوا الكذب إلى النبي اتقوا الذي إليه ترجعون
النص المقترح لا يوجد...
الملاحظة
هذا الحديث ضعيف ( لَا ضَرَرَ وَلَا ضِرَارَ ) في جميع طرقه إن لا تؤمن انظروا إلى سنده وتحقق عنه قال النووي: ورواه مالك في الموطأ عن عمرو بن يحيى عن أبيه، عن النبي صلى اللّٰه عليه وسلم مرسلا، فأسقط أبا سعيد، وله طرق يقوي بعضها بعضا. اتقوا الله لا تتبوئوا مكاناً من النار لا تنسبوا الكذب إلى النبي اتقوا الذي إليه ترجعون
النص المقترح لا يوجد...

[ဤဟဒီးဆ်ကို ထောက်ခံထားသော အခြားဟဒီးဆ်တော်များကြောင့် ဤဟဒီးဆ်တော်သည် ဆွဟီးဟ် ဖြစ်သွားသည်။] - [အဒ်ဒါရုကုသ်နီ ဆင့်ပြန်ခဲ့သည်။] - [سنن الدارقطني - 3079]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူခဲ့သည်မှာ မိမိကိုယ်တိုင်နှင့် အခြားသူများအား ထိခိုက်နစ်နာ‌မှု အမျိုးမျိုးမှ ကာကွယ်ရန် အရေးကြီးသည်။ မည်သူမဆို မိမိကိုယ်မိမိ သို့မဟုတ် အခြားသူများကို ထိခိုက်နစ်နာအောင်ပြုခွင့်မရှိပေ။
ထို့ကြောင့် မည်သူ့ကိုမျှ ထိခိုက်နစ်နာမှုကို ထိခိုက်နစ်နာမှုဖြင့်လက်တုံ့ပြန်ရန် ခွင့်မပြုထားပေ။ အဘယ်ကြောင့်ဆိုသော် ထိခိုက်နစ်နာမှုအား ထိခိုက်နစ်နာမှုဖြင့် မဖယ်ရှားနိုင်ပေ။ သို့သော် လွန်ကျူးခြင်းမရှိဘဲ တရားသဖြင့် အစားပြန်ယူခြင်းကို ခွင့်ပြုထားသည်။
ထို့နောက် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူတို့အား ထိခိုက်နစ်နာအောင်ပြုသူသည် ထိခိုက်နစ်နာမှု ခံစားရမည်ဖြစ်ကြောင်းနှင့် လူတို့အား ခက်ခဲဒုက္ခရောက်အောင်ပြုသူသည် ခက်ခဲဒုက္ခရောက်မည်ဖြစ်ကြောင်း သတိပေးတော်မူခဲ့သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တူညီသောအတိုင်းအတာထက် ပို၍ အစားယူခြင်းအား တားမြစ်ထားသည်။
  2. အလ္လာဟ်အရှင်မြတ်သည် မိမိ၏ကျွန်များအား ထိခိုက်နစ်နာစေမည့် မည်သည့်အရာကိုမျှ လုပ်ဆောင်ရန် အမိန့်မပေးထားပေ။
  3. စကားဖြင့်ဖြစ်စေ၊ လုပ်ရပ်ဖြင့်ဖြစ်စေ၊ လျစ်လျူရှုခြင်းဖြင့်ဖြစ်စေ မိမိနှင့်အခြားသူကို ထိခိုက်နစ်နာစေခြင်းကို တားမြစ်ထားသည်။
  4. လုပ်ရပ်အမျိုးအစားပေါ်မူတည်ပြီး အစားရလဒ် ရရှိမည်ဖြစ်သည်။ အကြင်သူသည် တစ်ဦးတစ်ယောက်ကို ထိခိုက်နစ်နာအောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိခိုက်နစ်နာစေလိမ့်မည်။ အကြင်သူသည် တစ်ဦးတစ်ယောက်အား ခက်ခဲဒုက္ခရောက်အောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအားခက်ခဲဒုက္ခရောက်စေလိမ့်မည်။
  5. ရှရီအဟ် တရားဥပဒေ၏ အခြေခံစည်းမျဉ်းတစ်ခုမှာ- “ထိခိုက်နစ်နာမှုကို ဖယ်ရှားရမည်။“ဟူ၍ ဖြစ်သည်။ ထို့ကြောင့် ရှရီအဟ် တရားဥပဒေသည် မိမိကိုယ်မိမိ ထိခိုက်နစ်နာအောင်ပြုခြင်းကို လက်မခံသလို အခြားသူများကို ထိခိုက်နစ်နာစေခြင်းကိုလည်း လက်မခံပေ။
الملاحظة
النهي عن المجازاة بأكثر من المِثْل.
سلا
النص المقترح لا يوجد...
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (65)
အမျိုးအစားများ
  • .
ထပ်၍