عَنِ ابْنِ عُمَرَ رضي الله عنهما أَنَّ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«أُمِرْتُ أَنْ أُقَاتِلَ النَّاسَ حَتَّى يَشْهَدُوا أَنْ لاَ إِلَهَ إِلَّا اللَّهُ، وَأَنَّ مُحَمَّدًا رَسُولُ اللَّهِ، وَيُقِيمُوا الصَّلاَةَ، وَيُؤْتُوا الزَّكَاةَ، فَإِذَا فَعَلُوا ذَلِكَ عَصَمُوا مِنِّي دِمَاءَهُمْ وَأَمْوَالَهُمْ إِلَّا بِحَقِّ الإِسْلاَمِ، وَحِسَابُهُمْ عَلَى اللَّهِ».
المزيد
အိဗ်နုအုမရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ငါကိုယ်တော်သည် (သွေဖည်ငြင်းပယ်သည့်) လူသားတို့အား ၎င်းတို့အနေဖြင့် အလ္လာဟ်အရှင်မြတ်မှအပ အခြားခဝပ်ကိုးကွယ်ထိုက်သော အရှင်မရှိကြောင်း မုဟမ္မဒ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်ဖြစ်တော်မူကြောင်း သက်သေခံလာသည်အထိ၊ ဆွလာသ် ဆောက်တည်လာသည်အထိ၊ ဇကာသ် ပေးဆောင်လာသည်အထိ တိုက်ခိုက်ရန် အမိန့်ပေးခြင်းခံရသည်။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ထိုကိစ္စများကို ဆောင်ရွက်ကြလျှင် ၎င်းတို့၏ အသက်ခန္ဓာနှင့် ၎င်းတို့၏ အိုးအိမ်စည်းစိမ်များကို ငါကိုယ်တော်ဘက်မှ ကာကွယ်ပြီးဖြစ်သည်။ သို့သော် အစ္စလာမ့် ဥပဒေကို ချိုးဖောက်လျှင် အရေးယူခံရမည်။ ၎င်းတို့အား စာရင်းစစ်ဆးခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့်သာ သက်ဆိုင်သည်။