1. ပင်မစာမျက်နှာ
  2. အမျိုးအစားများ
  3. ထွတ်မြတ်မှုများနှင့် အာဒါဗ်စည်းကမ်းများ။

ဟဒီးဆ် သင်တို့သည် (စားသောအခါ) စုပေါင်း၍စားသုံးကြလော့။ ထို့ပြင် ယင်းအစားအစာပေါ်၌ "ဗိစ်မိလ္လာဟ်" (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏) ဟု ဆိုကြလော့။ ထိုသို့ပြုလျှင် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ အစားအစာတွင် ဗရ်ကသ်ကောင်းချီးမင်္ဂလာ ချီးမြှင့်ပေးတော်မူလိမ့်မည်" ဟု မိန့်ကြားတော်မူသည်။

عَنْ وَحْشِيِّ بْنِ حَرْبٍ رَضيَ اللهُ عنه:
أَنَّهُمْ قَالُوا: يَا رَسُولَ اللَّهِ، إِنَّا نَأْكُلُ وَلَا نَشْبَعُ، قَالَ: «فَلَعَلَّكُمْ تَأْكُلُونَ مُتَفَرِّقِينَ؟» قَالُوا: نَعَمْ. قَالَ: «فَاجْتَمِعُوا عَلَى طَعَامِكُمْ، وَاذْكُرُوا اسْمَ اللَّهِ عَلَيْهِ، يُبَارَكْ لَكُمْ فِيهِ».

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဝဟ်ရှီ ဗင်န် ဟရ်ဗ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။
၎င်းတို့က "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့သည် စားသောက်ကြသော်လည်း ဗိုက်မဝကြပါ" ဟု လျှောက်ထားခဲ့ကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "သင်တို့သည် တကွဲတပြားစီ (တစ်ဦးချင်းစီ သီးသန့်) စားသောကြောင့် ဖြစ်ပေလိမ့်မည်" ဟု မိန့်ကြားတော်မူရာ ၎င်းတို့က "ဟုတ်ပါသည်" ဟု လျှောက်ထားကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "သင်တို့သည် (စားသောအခါ) စုပေါင်း၍စားသုံးကြလော့။ ထို့ပြင် ယင်းအစားအစာပေါ်၌ "ဗိစ်မိလ္လာဟ်" (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏) ဟု ဆိုကြလော့။ ထိုသို့ပြုလျှင် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ အစားအစာတွင် ဗရ်ကသ်ကောင်းချီးမင်္ဂလာ ချီးမြှင့်ပေးတော်မူလိမ့်မည်" ဟု မိန့်ကြားတော်မူသည်။

حسن رواه أبو داود وابن ماجه وأحمد سنن ابن ماجه - 3764

ရှင်းလင်းချက်

ဆွဟာဗဟ်သာဝကအချို့က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား လျှောက်ထားမေးမြန်းခဲ့ကြသည်။ ၎င်းတို့က ("အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်) ကျွန်‌တော်မျိုးတို့သည် စားသောက်ပါသော်လည်း ဝမ်းဗိုက်တင်းတိမ်မှုကို မရရှိပါ။"
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းတို့အား မိန့်ကြားတော်မူသည်မှာ- တမန်တော်မြတ်က - သင်တို့သည် စားသောအခါ တကွဲတပြားစီ ဖြစ်ကာ၊ တစ်ဦးချင်းစီ စားသောက်ကြသလော မိန့်တော်မူရာ သူတို့က "ဟုတ်ပါသည်" ဟု ဖြေကြားကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- သို့ဖြစ်လျှင် သင်တို့သည် တကွဲတပြားစီမဖြစ်ဘဲ စုပေါင်း၍ စားသောက်ကြလော့။ စားသောက်ရာတွင် "ဗိစ်မိလ္လာဟ်" (အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့်အစပြုပါ၏) ဟု ရွတ်ဆိုကြ‌လော့။ ထိုသို့ပြုလျှင် သင်တို့အတွက် ထိုအစားအစာတွင် ဗရ်ကသ်ကောင်းချီးမင်္ဂလာချီးမြှင့်ခြင်းခံရမည် ဖြစ်ပြီး ဗိုက်ဝခြင်း (တင်းတိမ်မှု) ရရှိပေမည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. စုပေါင်း၍ စားသောက်ခြင်းနှင့် စားသောက်ရာတွင် "ဗိစ်မိလ္လာဟ်"ဟု ရွတ်ဆိုခြင်းသည် အစားအစာတွင် ဗရ်ကသ်ကောင်းချီးမင်္ဂလာရရှိရန် နှင့် ယင်းကို စားသုံးခြင်းဖြင့် ဗိုက်ဝခြင်း (တင်းတိမ်မှု) ရရှိရန် အကြောင်း ရင်းတစ်ရပ် ဖြစ်သည်။
  2. ကွဲပြားမှုအပေါင်းသည် မကောင်းမှုဆိုးကျိုးကို ဆောင်၍ စုစည်းမှုအ‌ပေါင်းသည် ကောင်းကျိုးကို‌ ဆောင်သည်။
  3. စုပေါင်း၍ စားသုံးရန်နှင့် စားသောက်ရာတွင် "ဗိစ်မိလ္လာဟ်" ရွတ်ဆိုရန် တိုက်တွန်းနှိုး‌ဆော်ထားသည်။
  4. အိမာမ်ဆင်န်ဒီက ဤသို့ဆိုသည် - စုဝေးညီညွတ်ခြင်းဖြင့် ရိက္ခာအထောက်အပံ့များတွင် ဗရ်ကသ်ကောင်းချီးမင်္ဂလာများ ကျရောက်ပြီး၊ အလ္လာဟ်အရှင်မြတ်၏ နာမတော်ကို ရွတ်ဆိုခြင်းအားဖြင့် ရှိုင်တွာန်မိစ္ဆာသည် အစားအစာသို့ ချဉ်းကပ်ခြင်းမှ တားမြစ်ခံရသည်။

ဘာသာပြန်များကို ကြည့်ရှုရန်

37 ဘာသာစကား
EN English الإنجليزية
UR اردو الأوردية
ES Español الإسبانية
ID Indonesia الإندونيسية
UG ئۇيغۇرچە الأيغورية
BN বাংলা البنغالية
TR Türkçe التركية
RU Русский الروسية
BS Bosanski البوسنية
SI සිංහල السنهالية
HI हिन्दी الهندية
ZH 中文 الصينية
FA فارسی الفارسية
VI Tiếng Việt الفيتنامية
TL Tagalog تجالوج
KU Kurdî الكردية
HA Hausa الهوسا
PT Português البرتغالية
ML മലയാളം المليالم
TE తెలుగు التلغو
SW Kiswahili السواحيلية
TH ไทย التايلندية
PS پښتو بشتو
AS অসমীয়া الأسامية
AM አማርኛ الأمهرية
NL Nederlands الهولندية
GU ગુજરાતી الغوجاراتية
PRS دری الدرية
SR Српски الصربية
RO Română الرومانية
HU Magyar المجرية
KN ಕನ್ನಡ الكانادا
KA ქართული الجورجية
MK Македонски المقدونية
KM ភាសាខ្មែរ الخميرية
PA ਪੰਜਾਬੀ البنجابية
MR मराठी الماراثية