عَنْ وَحْشِيِّ بْنِ حَرْبٍ رَضيَ اللهُ عنه:
أَنَّهُمْ قَالُوا: يَا رَسُولَ اللَّهِ، إِنَّا نَأْكُلُ وَلَا نَشْبَعُ، قَالَ: «فَلَعَلَّكُمْ تَأْكُلُونَ مُتَفَرِّقِينَ؟» قَالُوا: نَعَمْ. قَالَ: «فَاجْتَمِعُوا عَلَى طَعَامِكُمْ، وَاذْكُرُوا اسْمَ اللَّهِ عَلَيْهِ، يُبَارَكْ لَكُمْ فِيهِ».
[حسن] - [رواه أبو داود وابن ماجه وأحمد] - [سنن ابن ماجه: 3764]
المزيــد ...
ဝဟ်ရှီ ဗင်န် ဟရ်ဗ် ( ရဿွိယလ္လာဟုအန်ဟု ) ကဆင့်ပြန်ခဲ့သည်။
၎င်းတို့က "အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်၊ ကျွန်တော်မျိုးတို့သည် စားသောက်ကြသော်လည်း ဗိုက်မဝကြပါ" ဟု လျှောက်ထားခဲ့ကြသည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "သင်တို့သည် တကွဲတပြားစီ (တစ်ဦးချင်းစီ သီးသန့်) စားသောကြောင့် ဖြစ်ပေလိမ့်မည်" ဟု မိန့်ကြားတော်မူရာ ၎င်းတို့က "ဟုတ်ပါသည်" ဟု လျှောက်ထားကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က "သင်တို့သည် (စားသောအခါ) စုပေါင်း၍စားသုံးကြလော့။ ထို့ပြင် ယင်းအစားအစာပေါ်၌ "ဗိစ်မိလ္လာဟ်" (အလ္လာဟ်အရှင်မြတ်၏နာမတော်ဖြင့်အစပြုပါ၏) ဟု ဆိုကြလော့။ ထိုသို့ပြုလျှင် အလ္လာဟ်အရှင်မြတ်သည် သင်တို့၏ အစားအစာတွင် ဗရ်ကသ်ကောင်းချီးမင်္ဂလာ ချီးမြှင့်ပေးတော်မူလိမ့်မည်" ဟု မိန့်ကြားတော်မူသည်။
[ဤဟဒီးဆ်သည် ဟစန်အဆင့်ရှိသည်။] - [رواه أبو داود وابن ماجه وأحمد] - [سنن ابن ماجه - 3764]
ဆွဟာဗဟ်သာဝကအချို့က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)အား လျှောက်ထားမေးမြန်းခဲ့ကြသည်။ ၎င်းတို့က ("အို-အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်) ကျွန်တော်မျိုးတို့သည် စားသောက်ပါသော်လည်း ဝမ်းဗိုက်တင်းတိမ်မှုကို မရရှိပါ။"
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ၎င်းတို့အား မိန့်ကြားတော်မူသည်မှာ- တမန်တော်မြတ်က - သင်တို့သည် စားသောအခါ တကွဲတပြားစီ ဖြစ်ကာ၊ တစ်ဦးချင်းစီ စားသောက်ကြသလော မိန့်တော်မူရာ သူတို့က "ဟုတ်ပါသည်" ဟု ဖြေကြားကြသည်။ ထိုအခါ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်- သို့ဖြစ်လျှင် သင်တို့သည် တကွဲတပြားစီမဖြစ်ဘဲ စုပေါင်း၍ စားသောက်ကြလော့။ စားသောက်ရာတွင် "ဗိစ်မိလ္လာဟ်" (အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့်အစပြုပါ၏) ဟု ရွတ်ဆိုကြလော့။ ထိုသို့ပြုလျှင် သင်တို့အတွက် ထိုအစားအစာတွင် ဗရ်ကသ်ကောင်းချီးမင်္ဂလာချီးမြှင့်ခြင်းခံရမည် ဖြစ်ပြီး ဗိုက်ဝခြင်း (တင်းတိမ်မှု) ရရှိပေမည်။