عَنْ ابْنِ عَبَّاسٍ رَضِيَ اللَّهُ عَنْهُمَا أَنَّ رَسُولَ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ قَالَ:
«إنَّ اللَّهَ تَجَاوَزَ لِي عَنْ أُمَّتِي الخَطَأَ وَالنِّسْيَانَ وَمَا اسْتُكْرِهُوا عَلَيْهِ».

[قال النووي: حديث حسن] - [رواه ابن ماجه والبيهقي وغيرهما] - [الأربعون النووية: 39]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အိဗ်နု အဗ္ဗားစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
စင်စစ် အလ္လာဟ်အရှင်မြတ်သည် ငါတမန်တော်၏ အွမ္မသ်ကို ( မရည်ရွယ်ပဲမှားသော ) အမှား၊ မေ့လျော့မှုနှင့် အတင်းအကျပ် ဖိအားပေး စေခိုင်းခြင်းခံခဲ့ရသည့် အရာများမှခွင့်လွှတ်ချမ်းသာ ပေးတာ်မူခဲ့လေ၏။

[قال النووي: حديث حسن] - [رواه ابن ماجه والبيهقي وغيرهما] - [الأربعون النووية - 39]

ရှင်းလင်းချက်

ဤဟဒီးစ်တော်တွင် တမန်တော်မြတ် ( ဆွလ္လလ္လာဟုအလိုင်ဟိ ဝစလ္လမ် ) က အလ္လာဟ်အရှင်မြတ်က မိမိ၏ အွမ္မသ်သားများနှင့်ပတ်သတ်၍ သုံးမျိုးသော အခြေအနေတွင် ခွင့်လွှတ်ချမ်းသာပေးထားတော်မူကြောင်းကို တင်ပြထားသည်။ ( ၁ ) မှားယွင်းမှု- ၎င်းသည် တမန်တော်မြတ်၏ အွမ္မသ်ထံမှ မရည်ရွယ်ဘဲ ထွက်ပေါ်လာသော အမှားဖြစ်သည်။ ဆိုလိုသည်မှာ မွတ်စ်လင်မ်တစ်ဦးသည် တစ်စုံတစ်ရာကို ရည်ရွယ်ပြုလုပ်မိသော်လည်း သူ၏လုပ်ဆောင်မှုသည် ရည်ရွယ်ချက်နှင့် မကိုက်ညီဘဲ ဖြစ်သွားခြင်းကို ဆိုလိုသည်။ ( ၃ ) မေ့လျော့ခြင်း - ဆိုလိုသည်မှာ မွတ်စ်လင်မ်တစ်ဦးသည် တစ်စုံတစ်ရာကို မှတ်မိသိရှိနေသော်လည်း လုပ်ဆောင်ချိန်တွင် မေ့လျော့သွားခြင်းဖြစ်သည်။ ထိုသို့သောကိစ္စမျိုးတွင်လည်း အပြစ်မရှိပါ။ ( ၃ ) အတင်းအကျပ်ပြုမှု - လူတစ်ဦးသည် မိမိသ‌ ‌ေဘာ ဆန္ဒမပါရှိဘဲ အရာတစ်ခုခုကို ကျူးလွန်ရန် အတင်းအကျပ်ပြုခံရပြီး၊ ထိုအတင်းအကျပ်ပြုမှုကို ခုခံတွန်းလှန်နိုင်စွမ်းလည်း မရှိချိန်တွင် ထိုသို့ကျူးလွန်မိပါက မည်သည့်အပြစ်တစ်စုံတစ်ရာ မရှိပေ။ သတိပြုရမည့်အချက်မှာ ဟဒီးစ်တော်လာ အ ကြောင်းအရာသည် ဗန်ဒဟ်နှင့် ၎င်း၏အရှင်ကြားတွင်ရှိသော တားမြစ်ထားသောအရာများကို ကျူးလွန်မိခြင်းနှင့်စပ်လျဉ်းသော အခြေအနေကို ရည်ညွှန်းသည်။ သို့ရာတွင် မေ့လျော့မှုကြောင့် ဝါဂျိဗ်(ပြုလုပ်ရမည့်တာဝန်)ကို မပြုလုပ်မိပါက ထိုတာဝန်မှ လွတ်ငြိမ်းခွင့်မရှိပါ။ အလားတူပင် အကယ်၍ ထိုသို့ကျူးလွန်မိမှုကြောင့် အခြားသူအား ထိခိုက်နစ်နာမှုဖြစ်ပွားပါက ဥပမာ - မတော်တဆတစ်စုံတစ်ဦးအား သေဆုံးစေ ပါက ဒီယသ်(သွေးလျော်ကြေး) ပေးဆောင်ရမည် သို့မဟုတ် မတော်တဆ ကားတစ်စီးအား ပျက်စီး‌စေခဲ့ပါက ၎င်းအပေါ်၌ လျော်ကြေးပေးဆောင်ရန်တာဝန်ရှိသည်။ ထိုသို့သောကိစ္စမျိုးတွင် အခြားသူ၏အခွင့်အရေးမှာ မပျောက်ပျက်နိုင်ပါ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော် ကျယ်ပြန့်မှုနှင့် မိမိ၏ ဗန်ဒဟ်ကျေးကျွန်များကို ကရုဏာတော်ဖြင့် ဆက်ဆံ‌တော်မူခြင်း။ အကြောင်းမှာ အရှင်မြတ်သည် မိမိ၏ဗန်ဒဟ်ကျေးကျွန်များထံမှ အောက်ပါအခြေအနေသုံးရပ်တွင် ပြစ်မှုကျူးလွန်မိပါက အပြစ်ဒဏ်ကို ရုပ်သိမ်းတော်မူခဲ့သောကြောင့်ဖြစ်သည်။
  2. တမန်တော်ဟမ္မဒ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) နှင့် ကိုယ်တော်မြတ်၏ အွမ္မသ်အပေါ် ( အခြားသောနဗီတမန်တော်များနှင့်အုပ်စုဝင်များထက်ပို၍ ) အလ္လာဟ်အရှင်မြတ် ကျေးဇူးပြုတော်မူခြင်း။
  3. အပြစ်ဒဏ် ရုပ်သိမ်းခြင်းသည် တရားတော်၏အမိန့် ဆုံးဖြတ်ချက် သို့မဟုတ် တာဝန်ခံမှု ( အလျော်ပေးခြင်း )ကို ရုပ်သိမ်းခြင်း မဟုတ်ပေ။ ဥပမာအားဖြင့်၊ မည်သူမဆို ဝူဿွူပြုလုပ်ရမည်ကို မေ့လျော့ပြီး မိမိကိုယ်မိမိ သန့်ရှင်းသည်ဟု ထင်မှတ်ကာ ဆွလာသ်ဝတ်ပြုမိပါက၊ ထိုသို့ပြုမိခြင်းအတွက် သူ့အပေါ်၌ မည်သည့်အပြစ်တစ်စုံတစ်ရာမျှမရှိပေ။ သို့သော်လည်း ၎င်းအပေါ်၌ ဝူဿွူပြုလုပ်၍ ဆွလာသ်ကို ပြန်လည်ဝတ်ပြုရန်တာဝန်ရှိသည်။
  4. အတင်းအကျပ်ပြုလုပ်ခံရခြင်းကြောင့် ဖြစ်ပေါ်လာသောအပြစ်မှ လွတ်ငြိမ်းခွင့်ရရှိရန်အတွက် သတ်မှတ်ထားသည့် စည်းမျဥ်းစည်းကမ်းများ ပြည့်စုံရန်လိုအပ်ပါသည်။ ဥပမာအားဖြင့်၊ ခြိမ်းခြောက်သူသည် မိမိခြိမ်းခြောက်ထားသည့်အတိုင်း အကောင်အထည်
  5. ဖော်နိုင်စွမ်း ရှိခြင်းဖြစ်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)
ထပ်၍