عَنْ أَبِي هُرَيْرَةَ رضي الله عنه قَالَ:
كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، إِذَا كَبَّرَ فِي الصَّلَاةِ، سَكَتَ هُنَيَّةً قَبْلَ أَنْ يَقْرَأَ، فَقُلْتُ: يَا رَسُولَ اللهِ بِأَبِي أَنْتَ وَأُمِّي أَرَأَيْتَ سُكُوتَكَ بَيْنَ التَّكْبِيرِ وَالْقِرَاءَةِ، مَا تَقُولُ؟ قَالَ «أَقُولُ: اللهُمَّ بَاعِدْ بَيْنِي وَبَيْنَ خَطَايَايَ كَمَا بَاعَدْتَ بَيْنَ الْمَشْرِقِ وَالْمَغْرِبِ، اللهُمَّ نَقِّنِي مِنْ خَطَايَايَ كَمَا يُنَقَّى الثَّوْبُ الْأَبْيَضُ مِنَ الدَّنَسِ، اللهُمَّ اغْسِلْنِي مِنْ خَطَايَايَ بِالثَّلْجِ وَالْمَاءِ وَالْبَرَدِ».

[صحيح] - [متفق عليه] - [صحيح مسلم: 598]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်၌ သက္ကဗီရ်သဟ်ရီမဟ် ဆိုပြီးနောက် ကိရာအသ်ရွတ်ဖတ်မှု မပြုမီ ခေတ်တမျှတိတ်ဆိတ်စွာ နေတော်မူသည်။ ထို့ကြောင့် ကျွန်တော်က အို အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် ကျွန်တော်မျိုး၏ ဖခင်နှင့် မိခင်ကို ကိုယ်တော့်အပေါ် စွန့်လှူပါသည်။ ကိုယ်တော်သည် သက္ကဗီရ်နှင့် ကိရာအသ်ကြားတွင် တိတ်ဆိတ်စွာနတော်မူစဉ် အဘယ်အရာကို ရွတ်ဖတ်တော်မူပါသနည်းဟု လျှောက်ထားမေးမြန်းခဲ့သည်။ ထိုအခါ ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ငါကိုယ်တော် ဤသို့ရွတ်ဖတ်တော်မူသည်ဟု မိန့်ကြားတော်မူသည်။ ( اَللّٰهُمَّ بَاعِدْ بَيْنِيْ وَبَيْنَ خَطَايَايَ كَمَا بَاعَدْتَ بَيْنَ الْمَشْرِقِ وَالْمَغْرِبِ، اَللّٰهُمَّ نَقِّنِيْ مِنْ خَطَايَايَ كَمَا يُنَقَّى الثَّوْبُ الْأََبْيَضُ مِنَ الدَّنَسِ، اَللّٰهُمَّ اغْسِلْنِيْ مِنْ خَطَايَايَ بِالثَّلْجِ وَالْمَاءِ وَالْبَرَدِ ) (အို အလ္လာဟ်အရှင်မြတ်၊ အရှင်မြတ်က အရှေ့အရပ်နှင့် အနောက်အရပ်အား ကွာလှမ်းစေသကဲ့သို့ ကျွန်တော်မျိုး၏ အပြစ်များကို ကျွန်တော်မျိုးနှင့် ဝေးကွာစေတော်မူပါ။ အို အလ္လာဟ်အရှင်မြတ်၊ ဖြူစင်သောအဝတ်အထည်မှ အညစ်အကြေးများကို ကောင်းမွန်စွာ လျှော်ဖွတ်ခြင်းကြောင့် အညစ်အကြေးများမှ ကင်းစင်စေသကဲ့သို့ ကျွန်တော်မျိုး၏ အပြစ်များကို ကင်းစင်စေတော်မူပါ။ အို အလ္လာဟ်အရှင်မြတ်၊ ကျွန်တော်မျိုး၏ အပြစ်များကို ဆီးနှင်းရေဖြင့်လည်းကောင်း၊ ရေဖြင့်လည်းကောင်း၊ မိုးသီးရေဖြင့်လည်းကောင်း ဆေးကြောသန့်စင်စေတော်မူပါ။)

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 598]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ဆွလာသ်ဝတ်ပြုရန် သက္ကဗိရ်သဟ်ရီမဟ် ဆိုပြီးနောက် စူရဟ်ဖာသိဟဟ် မဖတ်မီ အနည်းငယ် တိတ်ဆိတ်စွာနေတော်မူပြီး ဆွလာသ်အား စတင်ရန် ဒုအာဆုမွန်ဒုအချို့ကို တောင်းခံတော်မူသည်။ ထိုသို့ ဆွလာသ်၏အစတွင်ဖတ်ကြားသည့် ဒုအာများအနက် တစ်ခုမှာ (အလ္လာဟွမ္မ ဘာအိဒ် ဗိုင်းနီးဝဗိုင်းန ခသွာယာယ ကမာဗာအသ်သ ဗိုင်းနလ်မရှ်ရိကိ ဝလ်မဂရိဗ်၊ အလ္လာဟွမ္မ နက္ကိနီး မင်န် ခသွာယာယ ကမာ ယုနက်ကဆ် ဆောင်းဗုလ်အဗ်ယဿု မိနဒ္ဒနတ်စ်၊ အလ္လာဟွမ်မဂ်စိလ်နီး မင်န် ခသွာယာယ ဗိဆ်ဆလ်ဂျိ ဝလ်မာအိ ဝလ်ဗရ်ဒ်) ကိုယ်တော်သည် ဤသို့ဒုအာပြုတော်မူသည်။ အရှေ့အရပ်နှင့် အနောက်အရပ်သည် မည်သည့်အခါမျှ ဆုံစည်းခြင်းမရှိသကဲ့သို့ မိမိအနေဖြင့် အပြစ်အကုသိုလ်များထဲသို့ မကျရောက်စေရန်အတွက် မိမိနှင့် အပြစ်အကုသိုလ်များကြားတွင် မဆုံဆည်းနိုင်လောက်အောင် ဝေးကွာစေတော်မူပါ။ အကယ်၍ အပြစ်အကုသိုလ် ကျူးလွန်မိပါကလည်း အဖြူရောင်အဝတ်မှ အညစ်အကြေးများ ကင်းစင်သကဲ့သို့ အပြစ်များကို သန့်စင်ဖယ်ရှားပေးတော်မူပါ။ ထို့ပြင် ရေ၊ ဆီးနှင်းရေ၊ မီုးသီးရေကဲ့သို့ အေးမြသန့်ရှင်းသည့် အရာများဖြင့် အပြစ်၏ပူလောင်မှုနှင့် လောင်ကျွမ်းမှုများ ငြိမ်းသတ်ကာ အပြစ်အကုသိုလ်များကို မိမိထံမှ ဆေးကြောပေးသနားတော်မူပါ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အသံထွက်ဖတ်ရသည့် ဆွလာသ်၌ပင်ဖြစ်စေ ဆွလာသ်၏အဖွင့်ဆုမွန်ဒုအာကို တီးတိုးစွာဖတ်ရမည်။
  2. စွဟာဗဟ်(ရဿွိရလ္လာဟုအန်ဟုမ်)တို့သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ လှုပ်ရှားမှု၊ ငြိမ်သက်နေမှု အခြေအနေတိုင်းကို သိလိုစိတ် ပြင်းပြကြသည်။
  3. အဖွင့်ဆုမွန်ဒုအာအတွက် အခြားဒုအာများလည်း ရှိသည်။ အကောင်းဆုံးမှာ လူတစ်ဦးအနေဖြင့် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ မှန်ကန်ခိုင်လုံစွာ အတည်ဖြစ်ထားသော အဖွင့်ဆုမွန်ဒုအာများအားလုံးကို တစ်လှည့်စီ ရွတ်ဖတ်သင့်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (56)
ထပ်၍