عَنْ وَائِل بن حُجرٍ رضي الله عنه قَالَ:
صَلَّيْتُ مَعَ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فَكَانَ يُسَلِّمُ عَنْ يَمِينِهِ: «السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ»، وَعَنْ شِمَالِهِ: «السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ».

[حسن] - [رواه أبو داود] - [سنن أبي داود: 997]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို နောက်ထပ်သုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဝါအိလ် ဗင်န် ဟုဂျုရ် ( ရဿွိယလ္လာဟုအန်ဟု )ထံမှ ဆင့်ပြန်လာရှိသည်။ ၎င်းက ပြောပြခဲ့သည်မှာ -
ကျွန်ုပ်သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)နှင့်အတူ ဆွလာတ်ဝတ်ပြုခဲ့ပါသည်။ ကိုယ်‌ တော်သည် မိမိညာဘက်သို့ "السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ " (သင်တို့အပေါ် အလ္လာဟ်အရှင်မြတ်၏ ငြိမ်းချမ်းမှု၊ ကရုဏာတော်နှင့် ကောင်းချီးမင်္ဂလာတို့ ကျရောက်ပါစေ) ဟုပြောကာ ဘယ်ဘက်သို့ " السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ وَبَرَكَاتُهُ " (သင်တို့အပေါ် အလ္လာဟ်အရှင်မြတ်၏ ငြိမ်းချမ်းမှုနှင့် ကရုဏာတော် ကျရောက်ပါစေ) ဟုပြောကာ စလာမ်ပြုလေ့ရှိသည်။

[حسن] - [رواه أبو داود] - [سنن أبي داود - 997]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဆွလာသ်မှ ထွက်ခါနီးတွင် ညာဘက်နှင့် ဘယ်ဘက်သို့ စလာမ်ပြုလေ့ရှိသည်။ စလာမ်ပြုလုပ်ပုံမှာ ပထမဦးစွာ မျက်နှာကို ညာဘက်သို့လှည့်လျက် " السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ " ဟု ဆိုခြင်း၊ ထို့နောက် မျက်နာကိုဘယ်ဘက်သို့လှည့်လျက် " السَّلَامُ عَلَيْكُمْ وَرَحْمَةُ اللَّهِ " ဟု ဆိုခြင်းဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွလာသ်တွင် စလာမ်နှစ်ကြိမ်ရှိပြီး စလာမ်ပြုခြင်းသည် ဆွလာသ်၏ ရုကွန် (အဓိကတာဝန်တစ်ရပ်) ဖြစ်သည်။
  2. တစ်ခါတစ်ရံ"ဝဗရကာသုဟူ" ဟူသော စကားလုံးကို ထည့်သွင်းပြောဆိုခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)သည် ဤစကားလုံးကို အမြဲတစေ ရွတ်ဆိုခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။
  3. ဆွလာသ်တွင် စလာမ်နှစ်ကြိမ်လုံး၏ စကားလုံးများကို နှုတ်လျှာဖြင့် အသံထွက်ပြောဆိုခြင်းမှာ ဝါဂျိဗ် တာဝန်ဖြစ်သော်လည်း၊ စလာမ်စကားလုံးများကို အသံထွက်ပြောဆိုရင်း အိလ်သိဖားသ်လုပ်ခြင်း( မျက်နှာကို ညာဘက်နှင့် ဘယ်ဘယ်သို့ လှည့်ခြင်း )မှာမူ မွစ်စ်သဟဗ် ဖြစ်သည်။
  4. စလာမ် (အစ်စလာမုအလိုက်ဟွမ်ဝရဟ်မသွလ္လာဟ်) ကို အိလ်သိဖားသ် (မျက်နှာကို ညာဘက်နှင့် ဘယ်ဘယ်သို့ လှည့်ခြင်း )ပြုလုပ်သည့် အချိန်တွင် ပြောဆိုသင့်သည်၊ ထိုမတိုင်မီ သို့မဟုတ် ထို့နောက်တွင် ပြောဆိုခြင်း မပြုရပါ။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: الإنجليزية الأوردية الإسبانية ထပ်၍ (47)
ထပ်၍