لَعَنَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ الرَّاشِيَ وَالْمُرْتَشِيَ فِي الْحُكْمِ.
[صحيح] - [رواه الترمذي وأحمد] - [سنن الترمذي: 1336]
المزيــد ...
အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အမိန့်ဆုံးဖြတ်ချက်များအတွက် တံစိုးလက်ဆောင်ပေးသူနှင့် တံစိုးလက် ဆောင်ယူသူအား အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ‘လအ်နသ်’အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှကင်းဝေးစေရန် မကောင်းဆုတောင်းတော်မူခဲ့သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် လာဘ်ပေးသူ၊ လာဘ်ယူသူတို့အား အလ္လာဟ်အရှင်မြတ်၏ ကရုဏာတော်မှ ကင်းဝေးစေရန် ဆုတောင်းတော်မူခဲ့သည်။
ထိုလုပ်ရပ်များတွင် တရားသူကြီးများအား ၎င်းတို့တာဝန်ယူထားသည့် စီရင်ဆုံးဖြတ်မှုများတွင် ဘက်လိုက်ရန်အတွက် ပေးသောအရာများလည်းပါဝင်သည်။ လာဘ်ပေးသူသည် လာဘ်ထိုးခြင်းဖြင့် မိမိလိုချင်သည့်အရာကို မတရားသဖြင့် ရယူခြင်းဖြစ်သည်။