يَا أُمَّ الْمُؤْمِنِينَ، أَنْبِئِينِي عَنْ خُلُقِ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، قَالَتْ: أَلَسْتَ تَقْرَأُ الْقُرْآنَ؟ قُلْتُ: بَلَى، قَالَتْ: فَإِنَّ خُلُقَ نَبِيِّ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ كَانَ الْقُرْآنَ.
[صحيح] - [رواه مسلم في جملة حديثٍ طويلٍ] - [صحيح مسلم: 746]
المزيــد ...
စအဒ်ဗင်န် ဟိရှာမ်ဗင်န် အာမိရ် က ဆင့်ပြန်ပြောပြခဲ့သည်။ သူသည် အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)ထံ ဝင်ရောက်သောအခါ
အို မုအ်မင်န်တို့၏ မိခင်ကြီး အလ္လာဟ်အရှင်မြတ် ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကိုယ်ကျင့်တရားအား ကျွန်တော့်အား ပြောပြပါဟု ပြောကြားခဲ့သည်။ ထိုအခါ မိခင်ကြီးက အသင်သည် ကုရ်အာန်ကျမ်းမြတ်ကို ရွတ်ဖတ်သည် မဟုတ်လားဟု မေးမြန်းခဲ့ရာ ကျွန်တော်က ဟုတ်ကဲ့ ဖတ်ပါသည်ဟု ဖြေကြားလိုက်လေသည်။ ထိုအခါ မိခင်ကြီးက ပြောကြားသည်မှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကိုယ်ကျင့်တရားသည် ကုရ်အာန်ကျမ်းမြတ်ပင် ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - - [صحيح مسلم - 746]
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)သည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)၏ ကိုယ်ကျင့်တရားအကြောင်း မေးမြန်းခြင်းခံရသည့်အခါ အလွန်ပင် ပြည့်စုံလှသည့် စကားဖြင့် အဖြေပေးခဲ့ပြီး မေးမြန်းသူအား ပြီးပြည့်စုံသည့် အရည်အချင်းများ စုစည်းထားသော ကုရ်အာန်ကျမ်းမြတ်ဘက်သို့ လှည့်ပေးခဲ့သည်။ သူမကပြောသည်မှာ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကုရ်အာန်ကျမ်းမြတ်၌ ဖော်ပြထားသော ကိုယ့်ကျင့်တရားအတိုင်း အကျင့်စာရိတ္တမွေးမြူသူဖြစ်သည်။ ကုရ်အာန်ကျမ်းမြတ်က အမိန့်ပေးထားသောအရာများကို ဆောင်ရွက်ပြီး တားမြစ်ထားသောအရာများကို ရှောင်ကြဥ်သည်။ ကိုယ်တော်၏ ကိုယ်ကျင့်တရားသည် ကုရ်အာန်ကျမ်းမြတ်အတိုင်း လိုက်နာကျင့်သုံးခြင်း၊ ကုရ်အာန်ကျမ်းမြတ်၏ ကန့်သတ်ချက်များကို မကျော်လွန်ခြင်း၊ ကုရ်အာန်ကျမ်းမြတ်၏ အာဒဗ်ကျင့်ဝတ်များအတိုင်း လိုက်နာခြင်း၊ ကုရ်အာန်ကျမ်းမြတ်၏ ဥပမာတင်ပြချက်များ၊ အဖြစ်အပျက်အကြောင်းအရာများမှ တရားရယူခြင်းတို့ဖြစ်သည်။