عَنْ جَابِرٍ رضي الله عنه قَالَ: سَمِعْتُ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَبْلَ وَفَاتِهِ بِثَلَاثٍ يَقُولُ:
«لَا يَمُوتَنَّ أَحَدُكُمْ إِلَّا وَهُوَ يُحْسِنُ بِاللهِ الظَّنَّ».
[صحيح] - [رواه مسلم] - [صحيح مسلم: 2877]
المزيــد ...
ဂျာဗိရ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
"အသင်တို့အနက်တစ်ဦးတစ်ယောက်သည် အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်း ရှိသည့်အခြေအနေမှအပ အခြားမည်သည့်အခြေအနေတွင်မျှ သေဆုံးခြင်းမပြုကြလေနှင့်။"
[صحيح] - [رواه مسلم] - [صحيح مسلم - 2877]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) သည် မွတ်စ်လင်မ်တစ်ဦးအား အလ္လာဟ်အရှင်မြတ်အပေါ် အထင်အမြင်ကောင်း ရှိသည့်အခြေအနေမှအပ အခြားမည်သည့်အခြေအနေတွင်မျှ သေဆုံးခြင်းမပြုရန် တိုက်တွန်းနှိုးဆော်ထားသည်။ သေချိန်တွင် မျှော်လင့်ချက်ကသာ လွှမ်းမိုးသင့်ပြီး၊ စိတ်နှလုံးထဲတွင် အလ္လာဟ်အရှင်မြတ်သည် သူ့အား ကရုဏာပြုမည်၊ လွှတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဟူသော စိတ်ခံယူချက် ရှိသင့်သည်။ အဘယ်ကြောင့်ဆိုသော် လက်တွေ့တွင် အပြစ်ကြောင့်ကြောက်ရွံ့မှု သည် ကောင်းသောလုပ်ရပ်များ ဆောင်ရွက်ရန်အတွက် လိုအပ်ပြီး၊ ထိုအချိန်(ကွယ်လွန်သေဆုံးချိန်) သည် ကောင်းသောလုပ်ရပ်များ ဆောင်ရွက်ရန် အချိန်မဟုတ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ထိုအချိန်တွင် မျှော်လင့်ချက်ကသာ လွှမ်းမိုးသင့်သည်။