عَنِ الزُّبَيْرِ بْنِ العَوَّامِ رَضِيَ اللَّهُ عَنْهُ عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«لَأَنْ يَأْخُذَ أَحَدُكُمْ حَبْلَهُ، فَيَأْتِيَ بِحُزْمَةِ الحَطَبِ عَلَى ظَهْرِهِ، فَيَبِيعَهَا، فَيَكُفَّ اللَّهُ بِهَا وَجْهَهُ خَيْرٌ لَهُ مِنْ أَنْ يَسْأَلَ النَّاسَ أَعْطَوْهُ أَوْ مَنَعُوهُ».

[صحيح] - [رواه البخاري] - [صحيح البخاري: 1471]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဇုဗိုင်ရ် ဗင်န် အောဝ်ဝါးမ် (ရဿွိယလ္လာဟုအန်ဟု) ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်တော်မူသည်မှာ -
အသင်တို့ထဲမှ တစ်ဦးတစ်ယောက်သည် မိမိ၏ကြိုးကိုယူ၍ ( ထင်းခွေပြီး ) ထင်းစည်းကို ကျောကုန်းပေါ်ထမ်းကာ လိုက်လံရောင်းချပြီး၊ ယင်းအားဖြင့် သူ၏သိက္ခာကို အလ္လာဟ်အရှင်မြတ်က ထိန်းသိမ်း ပေးလိုက်ခြင်းသည် ၎င်းအဖို့ လူတို့ထံမှ တောင်းရမ်းခြင်းထက် သာပို၍ ကောင်းသည်။ (အကြောင်းမှာ) လူတို့သည် ၎င်းအား ပေးခြင်ပေးနိုင်ပြီး၊ မပေးဘဲလည်း နေနိုင်သောကြောင့်ဖြစ်သည်။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။] - [صحيح البخاري - 1471]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က လူတစ်ဦးသည် မည်သည့်အလုပ်မျိုးကိုမဆို လုပ်ကိုင်ရန်၊ ဥပမာ—သူသည် ကြိုးတစ်ချောင်းကိုယူ၍ ထင်းများကို စုစည်းကာ မိမိ၏ကျောပေါ်၌ ထမ်းပြီး လိုက်လံရောင်းချကာ (ရလာသည့် ငွေကြေးဖြင့် ) စားသောက်ခြင်း၊ သို့မဟုတ် ဆင်းရဲသားများကို လှူဒါန်းခြင်း၊ ၎င်းအားဖြင့် လူတို့ထံမှ လုံးဝလွတ်ကင်းစွာ ရပ်တည်နိုင်ခြင်းနှင့် လူတို့ထံ တောင်းရမ်းမှုကြောင့် အရှက်သိက္ခာကျရခြင်းအကျိုးမှ ကာကွယ်ခြင်းသည် လူတို့ထံ တောင်းရမ်းရသည်ထက် သာလွန်မြင့်မြတ်သည်ဟု ရှင်းလင်းမိန့်ကြားတော်မူခဲ့သည်။ (အကြောင်းမှာ) လူတို့သည် ၎င်းအား ပေးခြင်ပေးနိုင်ပြီး၊ မပေးဘဲလည်း နေနိုင်သောကြောင့်ဖြစ်သည်။ ထို့ပြင် လူတို့ထံ တောင်းရမ်းခြင်းသည် သိက္ခာမဲ့စေပြီး၊ မုအ်မင်န် (သက်ဝင်ယုံကြည်သူ) သည် ဂုဏ်သိက္ခာရှိသူဖြစ်ပြီး သိက္ခာမဲ့သူ မဟုတ်ပေ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. လူတို့ထံ တောင်းရမ်းခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်းထားခြင်း။
  2. ရိက္ခာရှာဖွေရန်အတွက် အလုပ်လုပ်ရန် နှိုးဆော်ထားခြင်း။ ထိုအလုပ်သည် လူတို့၏အမြင်တွင် သေးငယ်ပြီး၊ နိမ့်ကျသည့် အလုပ်မျိုးဖြစ်စေကာမူ လုပ်ကိုင်ရန် တိုက်တွန်းနှိုးဆော်ထားခြင်း။
  3. အစ္စလာမ်သာသနာသည် တောင်းရမ်းခြင်းနှင့် အလုပ်လ
  4. က်မဲ့ဖြစ်ခြင်းကို တိုက်ဖျက်သည်။ ထို့ကြောင့် ကြိုးစားအားထုတ်ခြင်းနှင့် အလုပ်လုပ်ခြင်းကို မဖြစ်မနေလုပ်ဆောင်ရန် ပြဋ္ဌာန်းထားသည်။ ဥပမာ—ထင်းခုတ်ခြင်းကဲ့သို့သော ခက်ခဲသည့်အလုပ်မျိုးဖြစ်စေကာမူ (လုပ်ကိုင်ရန် ပြဋ္ဌာန်းထားသည်)။
  5. အလုပ်လုပ်နိုင်စွမ်းရှိပြီး၊ ရိက္ခာရှာဖွေနိုင်ပါလျက် (လူတို့ထံ) တောင်းခံခြင်းသည် မပိုင်ပေ။
  6. လိုအပ်ချက်ရှိပါက အုပ်ချုပ်သူဘုရင်ထံ တောင်းခံပိုင်ခွင့်ရှိသည်။ အလ္လာဟ်အရှင်မြတ်က အမိန့်ရှိတော်မူသည်— “ ထို့ပြင် အကြင်သူများ အပေါ်တွင်လည်း (အပြစ်) မရှိပေ။ ထိုသူများသည် အသင်က သူတို့အား အစီးအနင်းပေါ် တင်ပေးရန် အသင့်ထံသို့ လာကြသောအခါတွင် အသင်က သူတို့အား ပြောခဲ့သည်- “အသင်တို့အား အစီးအနင်း တစ်စုံတစ်ခုပေါ် တင်ပေးရန် ငါ့တွင်လည်း (မြင်းများ၊ ကုလားအုတ်များ) မည်သည့် အရာမျှ မရှိပေ။” သူတို့သည် (စစ်ပွဲတွင်) သုံးစွဲရန် မည်သည့် အရာမျှ မရှိကြသည့်အတွက် ဝမ်းနည်း ပက်လက် ဖြစ်ပြီး သူတို့၏ မျက်စိများတွင် မျက်ရည်များ ပြည့်လျက်နှင့်ပင် ပြန်လှည့်ခဲ့ကြရသည်”။ (စူရဟ်သောင်ဗဟ် - ၉၂ )
  7. မည်သူမဆို တောင်းခံရန် မဖြစ်မနေလိုအပ်ပြီး ထင်းခုတ်ခြင်းကဲ့သို့သော အလုပ်အကိုင်ဖြင့် ရိက္ခာရှာဖွေရန် မတတ်စွမ်းနိုင်ပါက ၎င်းအဖို့ တောင်းရမ်းပိုင်ခွင့်ရှိသည်။ သို့ရာတွင် အတင်းတွယ်ကပ်လျက်၊ ဇွတ်တရွတ်တောင်းခံခြင်း မပြုရ။ အလ္လာဟ်အရှင်မြတ်က အမိန့်ရှိတော်မူသည်— “၎င်းတို့သည် လူများထံတွင် ဇွတ်အတင်း တွယ်ကပ်လျက် မတောင်းကြပေ။” (စူရဟ်ဗကရဟ် - ၂၇၃)
  8. အိမာမ်နဝဝီက ဤသို့ဆိုသည်— ယင်း (ဟဒီးဆ်တော်) တွင် စွဒကဟ် ပေးကမ်းလှူဒါန်းခြင်း၊ မိမိလက်ဖြင့် ကိုယ်တိုင် ရှာဖွေစားသောက်ခြင်းနှင့် ပြုပိုင်သောနည်းလမ်းများဖြင့် ရိက္ခာရှာဖွေခြင်းတို့ကို ပြုလုပ်ရန် တိုက်တွန်းနှိုးဆော်ထားသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (35)
ထပ်၍