+ -

عَنْ أَبِي هُرَيْرَةَ رَضِيَ اللَّهُ عَنْهُ عَنْ رَسُولِ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ:
«لاَ تَقُومُ السَّاعَةُ حَتَّى تُقَاتِلُوا اليَهُودَ، حَتَّى يَقُولَ الحَجَرُ وَرَاءَهُ اليَهُودِيُّ: يَا مُسْلِمُ، هَذَا يَهُودِيٌّ وَرَائِي فَاقْتُلْهُ».

[صحيح] - [متفق عليه] - [صحيح البخاري: 2926]
المزيــد ...

အဗူဟူရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့သည် ယဟူဒီတို့နှင့် စစ်ပွဲမဆင်နွှဲရမချင်း ကိယာမသ်ဖြစ်မည်မဟုတ်ပေ။ နောက်ဆုံး ကျောက်တုံးက မိမိနောက်တွင် ရဟူဒီရှိကြောင်း ပြောကြားလိမ့်မည်။ အိုမွတ်စ်လင်မ် ကျွန်ုပ်၏နောက်တွင် ဤယဟူဒီပုန်းအောင်းနေသည်။ အသင်သူ့ကို သတ်ပါ။

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 2926]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူခဲ့သည်မှာ မွတ်စ်လင်မ်တို့နှင့် ယဟူဒီတို့ စစ်ပွဲမဆင်နွှဲရမချင်း ကိယာမသ် ဆိုက်ရောက်လိမ့်မည်မဟုတ်ပေ။ နောက်ဆုံးတွင် ယဟူဒီတစ်ဦးက မွတ်စ်လင်များ မမြင်တွေ့စေရန် ကျောက်တုံးနောက်တွင် ပြေးပုန်းသည့်အခါတွင် အလ္လာဟ်အရှင်မြတ်က ကျောက်တုံးအား စကားပြောဆိုနိုင်စွမ်း ချီးမြှင့်တော်မူလိမ့်မည်။ထိုအခါ ကျောက်တုံးက မိမိနောက်တွင် ယဟူဒီရှိကြောင်းနှင့် ၎င်းကိုသတ်ရန်အတွက် မွတ်စ်လင်မ်အား ဟစ်ခေါ်မည်ဖြစ်သည်။

ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি الفولانية အီတလီ অরমো কন্নড় الولوف البلغارية আজারী اليونانية الأوزبكية الأوكرانية الجورجية اللينجالا المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အလ္လာဟ်အရှင်မြတ်က တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)အား အသိပေးထားသည့်အတိုင်းပင် ကိုယ်တော်မြတ်သည် အကွယ်အကြောင်းအရာများနှင့် အနာဂတ်ကိစ္စများကို အသိပေးဟောကြားတော်မူခဲ့ပြီး ထိုကိစ္စများသည် မုချဖြစ်ပေါ်လာမည်ဖြစ်သည်။
  2. နောက်ဆုံးခေတ်သမယတွင် မွတ်စ်လင်မ်တို့သည် ယဟူဒီတို့နှင့် တိုက်ခိုက်ကြမည်။ ထိုသို့တိုက်ခိုက်ခြင်းသည် ကိယာမသ်၏ နိမိတ်လက္ခဏာများတွင် ပါဝင်သည်။
  3. အစ္စလာမ်သာသနာသည် ကိယာမသ်နေ့ထိ ရှင်သန်နေမည့် သာသနာဖြစ်ပြီး အခြားသာသနာများအားလုံးအပေါ် လွှမ်းမိုးမည်ဖြစ်သည်။
  4. မုချဧကန် အလ္လာဟ်အရှင်မြတ်သည် နောက်ဆုံးခေတ်သမယ၌ မွတ်စ်လင်မ်တို့အား ၎င်းတို့၏ရန်သူများအပေါ် အောင်နိုင်မှုရရှိစေရန် ကူညီတော်မူပြီး ကျောက်တုံးများကို စကားပြောစေတော်မူမည်။
ထပ်၍