عَنِ ابْنِ عَبَّاسٍ رضي الله عنهما قَالَ: قَالَ رَسُولُ اللَّهِ صَلَّى اللَّهُ عَلَيْهِ وَسَلَّمَ:
«إِنَّ اللَّهَ يُحِبُّ أَنْ تُؤْتَى رُخَصُهُ، كَمَا يُحِبُّ أَنْ تُؤْتَى عَزَائِمُهُ».
[صحيح] - [رواه ابن حبان] - [صحيح ابن حبان: 354]
المزيــد ...
အစ်ဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိသတ်မှတ်ထားသည့် (ဝါဂျိဗ်) တာဝန်များကို လိုက်နာကျင့်သုံးခြင်းအား နှစ်သက်တော်မူသကဲ့သို့ မိမိလျော့ပေါ့ပေးထားသည့် ခြွင်းချက်များကို လိုက်နာကျင့်သုံးခြင်းအား နှစ်သက်တော်မူသည်။
[صحيح] - [رواه ابن حبان] - [صحيح ابن حبان - 354]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူခဲ့သည်မှာ အလ္လာဟ်အရှင်မြတ်သည် သာသနာကို လိုက်နာကျင့်သုံးသူပေါ်တွင်လွယ်ကူမှုရှိစေရန်အတွက် ခရီးထွက်နေစဉ် လေးရကသ်ဆွလာသ်ကို နှစ်ရကသ်ဝတ်ပြုခြင်း၊ ဆွလာသ်နှစ်ကြိမ်ကို ပေါင်းဖတ်ခွင့်ပြုခြင်း စသည်ဖြင့် အမိန့်ပညတ်ချက်များ၊ ခဝပ်ကိုးကွယ်မှုများ၌ မိမိတရားဝင်လျော့ပေါ့ပေးမှုများကို လက်ခံကျင့်သုံးခြင်းအား နှစ်သက်တော်မူသည်။ ဤကဲ့သို့ပင် အရှင်မြတ်သည် မိမိသတ်မှတ်ထားသော ဝါဂျိဗ်တာဝန်များကို လိုက်နာကျင့်သုံးခြင်းအား နှစ်သက်တော်မူသည်။ အဘယ်ကြောင့်ဆိုသော် ‘ဝါဂျိဗ်’ တာဝန်ဖြစ်စေ၊ ‘ရုခ်ဆွဟ်’ခြွင်းချက်အနေဖြင့် လျော့ပေါ့ပေးမှုဖြစ်စေ နှစ်ခုစလုံးသည် အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်ပင်ဖြစ်သည်။