အမျိုးအစား: . . .
عن بريدة بن الحصيب رضي الله عنه أنه قال:

بَكِّرُوا بِصَلَاةِ الْعَصْرِ، فَإِنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ: «مَنْ تَرَكَ صَلَاةَ الْعَصْرِ فَقَدْ حَبِطَ عَمَلُهُ».
[صحيح] - [رواه البخاري] - [صحيح البخاري: 553]
المزيــد ...

ဗုရိုင်ဒဟ်ဗင်န် ဟုဆွိုဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။
အသင်တို့သည် အဆ်ွရ်ဆွလာသ်ကို စောလျင်စွာဖတ်ကြလေကုန်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။ မည်သူမဆို အဆ်ွရ်ဆွလာသ်ကို စွန့်လွှတ်ပါက ၎င်း၏ကောင်းမှုများသည် အမှန်တကယ်ပင် အချည်းနှီးဖြစ်သွားပေမည်။

الملاحظة
Allah forgive every muslim
النص المقترح لا يوجد...
الملاحظة
ف ٤
النص المقترح عن بريدة بن الحصيب رضي الله عنه أنه قال:بَكِّرُوا بِصَلَاةِ الْعَصْرِ، فَإِنَّ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ قَالَ: «مَنْ تَرَكَ صَلَاةَ الْعَصْرِ فَقَدْ حَبِطَ عَمَلُهُ».

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်း။] - [صحيح البخاري - 553]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အဆ်ွရ်ဆွလာသ်ကို သူ့အချိန်နှင့်သူ မဆောက်တည်ဘဲ တမင်နောက်ဆိုင်းထားခြင်းမှ တားမြစ်တော်မူခဲ့သည်။ မည်သူမဆို ထိုသို့ပြုလုပ်ပါက ၎င်း၏အမလ်ကျင့်ဆောင်မှုများ ပျက်စီးကာ အချည်းနှီးဖြစ်သွားမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အဆ်ွရ် ဆွလာသ်ကို ပထမဦးဆုံးအချိန်တွင်အမြဲတမ်း ဝတ်ပြုရန်နှင့် အချိန်ဝင်သည်နှင့် စောလျင်စွာ ဝတ်ပြုရန်တိုက်တွန်းထားသည်။
  2. အဆွ်ရ် ဆွလာသ် စွန့်လွှတ်သူအဖို့ ပြင်းထန်သော သတိပေးခြိမ်းခြောက်မှုရှိသည်။ အဆ်ွရ်ဆွလာသ် ကို သူ့အချိန်တွင်ဝတ်မပြုပဲ စွန့်လွှတ်ခြင်းသည် အခြားသော ဆွလာသ်များကို စွန့်လွှတ်ခြင်းထက် ပို၍ပြင်းထန်သည်။ အဘယ့်ကြောင့်ဆိုသော် အလယ်ဆွလာသ်နှင့် ပတ်သက်၍ သီးသန့် အမိန့်လာရှိထားသည့်အတွက်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်မိန့်တော်မူသည်မှာ - (အသင်တို့သည် (ယေဘုယျအားဖြင့်) အားလုံးသော ဆွလာတ်ဝတ်ပြုခြင်းတို့ကိုလည်းကောင်း၊ (အထူးသဖြင့်) အလယ်ဖြစ်သော ဆွလာသ် ဝတ်ပြုမှုကိုလည်းကောင်း၊ စောင့်ရှောက်ထိန်းသိမ်းကြလေကုန်။ ) (ကုရ်အာန် ၂:၂၃၈)
الملاحظة
الوعيد الشديد لمن ترك صلاة العصر، وتفويتها عن وقتها أعظم من تفويت غيرها، فإنها الصلاة الوسطى المخصوصة بالأمر في قوله تعالى: (حَافِظُواْ عَلَى الصَّلَوَاتِ والصَّلاَةِ الْوُسْطَى) [البقرة: 238].
تصحيح
النص المقترح الايه من سوره البقره ٢٣٥ و ليس ٢٣٨
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (62)
အမျိုးအစားများ
  • . .
ထပ်၍