عن أبي صِرْمة رضي الله عنه أن رسول الله صلى الله عليه وسلم قال:
«مَنْ ضَارَّ ضَارَّ اللهُ بِهِ، وَمَنْ شَاقَّ شَقَّ اللهُ عَلَيْهِ».

[حسن] - [رواه أبو داود والترمذي وابن ماجه وأحمد] - [سنن الترمذي: 1940]
المزيــد ...

အဗူစိရ်မဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ထိခိုက်နစ်နာအောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ထိခိုက်နစ်နာစေလိမ့်မည်။ မည်သူမဆို မွတ်စ်လင်မ်တစ်ဦးအား ခက်ခဲဒုက္ခရောက်အောင်ပြုခဲ့လျှင် အလ္လာဟ်အရှင်မြတ်သည် ၎င်းအား ခက်ခဲဒုက္ခရောက်စေလိမ့်မည်။

[حسن] - [رواه أبو داود والترمذي وابن ماجه وأحمد] - [سنن الترمذي - 1940]

ရှင်းလင်းချက်

မွတ်စ်လင်မ်တစ်ဦး၏ အသက်ခန္ဓာ၊ ဥစ္စာပစ္စည်း၊ မိသားစုအား ထိခိုက်နစ်နာစေခြင်း၊ ခက်ခဲဒုက္ခရောက်အောင်ပြုခြင်းကို မည်သည့်နည်းနှင့်မျှ မပြုလုပ်ရန် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က သတိပေးတားမြစ်တော်မူခဲ့သည်။ မည်သူမဆို ထိုသို့ပြုလုပ်ပါက အလ္လာဟ်အရှင်မြတ်သည် ၎င်းအား သူ၏လုပ်ရပ်အတိုင်း ပြန်လည်အစားပေးကာ အရေးယူမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. မွတ်စ်လင်မ်တစ်ဦးအား ထိခိုက်နစ်နာအောင်ပြုခြင်း၊ ခက်ခဲဒုက္ခရောက်အောင်ပြုခြင်းကို တားမြစ်ထားသည်။
  2. အလ္လာဟ်အရှင်မြတ်သည် မိမိ၏ဗန္ဓာကျေးကျွန်များအတွက် လက်စား‌ချေတော်မူသည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (67)
ထပ်၍