အမျိုးအစား: . . .
+ -
عَنِ ‌ابْنِ أَبِي أَوْفَى رضي الله عنه قَالَ:

كَانَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ إِذَا رَفَعَ ظَهْرَهُ مِنَ الرُّكُوعِ قَالَ: «سَمِعَ اللهُ لِمَنْ حَمِدَهُ، اللَّهُمَّ رَبَّنَا لَكَ الْحَمْدُ، مِلْءَ السَّمَاوَاتِ وَمِلْءَ الْأَرْضِ وَمِلْءَ مَا شِئْتَ مِنْ شَيْءٍ بَعْدُ».
[صحيح] - [رواه مسلم] - [صحيح مسلم: 476]
المزيــد ...

အစ်ဗ်နုအဗီအောင်ဖဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရုကူအ် ဦးညွှတ်ရာမှ မိမိ၏ကျောကိုပြန်ကြွသည့်အခါ ဤဇိက်ရ်ကို ရွတ်ဆိုလေ့ရှိတော်မူသည်။ “စမိအလ္လာဟု လိမန်ဟမိဒဟ်၊ အလ္လာဟုမ္မ ရဗ္ဗနာလကလ်ဟမ်ဒ် မိလ်အတ်စ် စမာဝါသိ ဝမိလ်အလ် အရ်ဿွိ ဝမိလ်အ မာရှိအ်သ မင်န်ရှိုင်းအင်န် ဗအ်ဒု” (ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အလ္လာဟ်အရှင်မြတ်မှ လက်ခံတော်မူပါ။ အို - အလ္လာဟ်အရှင်မြတ်၊ အို - ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာ ဖြစ်ပါ၏။ အရှင်မြတ်သည် မိုးကောင်းကင်နှင့်အမျှဖြစ်သော၊ မြေပထဝီနှင့်အမျှဖြစ်သော အရှင်မြတ်အလိုရှိတော်မူသည့် နယ်ပယ်အမျှဖြစ်သော ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံယူထိုက်တော်မူသော အရှင်ဖြစ်တော်မူသည်။).

الملاحظة
Nigeria kakno
النص المقترح عن ابن أبي أوفى قال: كان رسول الله صلى الله عليه وسلم إذا رفع ظهره من الركوع قال: «سمع الله لمن حمده، اللهم ربنا لك الحمد، ملء السماوات وملء الأرض وملء ما شئت من شيء بعد».

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 476]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ်လမ်)သည် ဆွလာသ်၌ ရုကူအ် ဦးညွှတ်ရာမှ မိမိ၏ကျောကို ပြန်ကြွသည့်အခါ ဤဇိက်ရ်ကို ရွတ်ဆိုလေ့ရှိတော်မူသည်။ “စမိအလ်လာဟုလိမန်ဟမိဒဟ်” ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အလ္လာဟ်အရှင်မြတ်မှ လက်ခံတော်မူပြီး အကျိုးကုသိုလ်ချီးမြှင့်‌တော်မူသည်။ ထို့နောက် ဤဒုအာကိုရွတ်ဆိုကာ အလ္လာဟ်အရှင်မြတ်အား ချီးမွမ်းထောမနာပြုတော်မူသည်။ “အလ္လာဟုမ္မ ရဗ္ဗနာလကလ်ဟမ်ဒ် မိလ်အတ်စ် စမာဝါသိ ဝမိလ်အလ် အရ်ဿွိ ဝမိလ်အ မာရှိအ်သ မင်န်ရှိုင်းအင်န် ဗအ်ဒု” ချီးမွမ်းထောမနာပြုသူ၏ ချီးမွမ်းခြင်းကို အလ္လာဟ်အရှင်မြတ်မှ လက်ခံတော်မူပါ။ အို - အလ္လာဟ်အရှင်မြတ်၊ အို - ကျွန်တော်မျိုးတို့အား ဖန်ဆင်းမွေးမြူတော်မူသောအရှင်၊ ချီးမွမ်းထောမနာခြင်းအပေါင်းသည် အသင်အရှင်မြတ်အဖို့သာ ဖြစ်ပါ၏။ အရှင်မြတ်သည် မိုးကောင်းကင်နှင့်အမျှဖြစ်သော၊ မြေပထဝီနှင့်အမျှဖြစ်သော မိုးနှင့်မြေကြားနှင့်အမျှဖြစ်သော၊ အရှင်မြတ်အလိုရှိတော်မူသည့် နယ်ပယ်အမျှဖြစ်သော ချီးမွမ်းထောမနာခြင်းအပေါင်းကို ခံယူထိုက်တော်မူသော အရှင်ဖြစ်တော်မူသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွလာသ်ဝတ်ပြုသူသည် ရုကူအ်ဦးညွှတ်ရာမှ မိမိဦးခေါင်းကို ပြန်မြှောက်သည့်အခါ ရွတ်ဆိုရမည့် မွတ်စ်သဟဗ် ဇိက်ရ်တော်ကို ရှင်းပြထားသည်။
  2. ရုကူအ်ဦးညွှတ်ရာမှ ပြန်ထသည့်အခါ ကျောကိုဖြောင့်မတ်စွာထားရန်နှင့် အေးဆေးတည်ငြိမ်စွာ ရပ်ရန် တရားတော်က သတ်မှတ်ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ချက်မပါရှိဘဲ ဤဇိက်ရ်တော်ကို ဖတ်ရန်မဖြစ်နိုင်ပေ။
  3. ဤဇိက်ရ်တော်အား ဖရ်ဿ်ွဆွလာသ်၌ဖြစ်စေ၊ နဖ်လ်ဆွလာသ်၌ဖြစ်စေ ဆွလာသ်အားလုံးတွင် ရွတ်ဆိုရမည်ဖြစ်သည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি အီတလီ অরমো কন্নড় الولوف আজারী الأوكرانية الجورجية
ဘာသာပြန်များကို ကြည့်ရှုရန်
အမျိုးအစားများ
  • . .
  • . .
  • . .
ထပ်၍