«إِنَّ مِنْ أَشْرَاطِ السَّاعَةِ أَنْ يُرْفَعَ العِلْمُ، وَيَكْثُرَ الجَهْلُ، وَيَكْثُرَ الزِّنَا، وَيَكْثُرَ شُرْبُ الخَمْرِ، وَيَقِلَّ الرِّجَالُ، وَيَكْثُرَ النِّسَاءُ حَتَّى يَكُونَ لِخَمْسِينَ امْرَأَةً القَيِّمُ الوَاحِدُ».
[صحيح] - [متفق عليه] - [صحيح البخاري: 5231]
المزيــد ...
အနတ်စ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံတော်မှ ကြားသိခဲ့ရသည့် ဟဒီးဆ်တော်တစ်ပုဒ်အား အသင်တို့ကိုပြောပြမည်။ ထိုဟဒီးဆ်တော်အား ကျွန်ုပ်အပြင် မည်သူမျှ အသင်တို့ကိုပြောပြမည် မဟုတ်ပေ။ ကျွန်ုပ်သည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူသည်ကို ကြားသိခဲ့ရသည်။
ဧကန်အမှန်ပင် ကိယာမသ်၏ နိမိတ်လက္ခဏာများအနက် အချို့မှာ- အသိပညာ ရုပ်သိမ်းခံရခြင်း၊ (သာသနာ့)အသိပညာကင်းမဲ့မှု များပြားလာခြင်း၊ ‘ဇိနာ’တရားမဝင်ကာမအမှု ပေါများလာခြင်း၊ အရက်သေစာသောက်သုံးမှု များပြားလာခြင်း၊ အမျိုးသားဦးရေ နည်းပါးသွားခြင်း အမျိုးသမီး အယောက်(၅၀)အတွက် တာဝန်ယူထိမ်းသိမ်းစောင့်ရှောက်မည့် အမျိုးသားတစ်ဦးသာ ရှိတော့သည်အထိ အမျိုးသမီးဦးရေ များပြားလာခြင်းတို့ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 5231]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ကိယာမသ် နီးကပ်လာသည့်အခါ ဖြစ်ပေါ်လာမည့် နိမိတ်လက္ခဏာများနှင့် ပတ်သက်၍ ရှင်းပြတော်မူခဲ့သည်။ ထိုနိမိတ်လက္ခဏာများထဲတွင် သာသနာ့အသိပညာ ရုပ်သိမ်းခံရခြင်းပါဝင်သည်။ သာသနာ့ပညာသည် သာသနာ့ပညာရှင်များ ကွယ်လွန်သေဆုံးခြင်းဖြင့် ရုပ်သိမ်းခံရမည်ဖြစ်သည်။ ထိုသို့ ပညာရှင်ကွယ်လွန်သွားကြသည့်အတွက် ပညာမဲ့မှုများ ပေါများ၊ပြန့်နှံ့လာမည်ဖြစ်သည်။ ထို့ပြင် ‘ဇိနာ’တရားမဝင် ကာမအမှု ပေါများလာခြင်း၊ လူတို့အရက်သေစာ သောက်သုံးမှုများပြားလာခြင်း၊ အမျိုးသားဦးရေ နည်းပါးသွားခြင်း၊ အမျိုးသမီးဦးရေ များပြားလာခြင်း နောက်ဆုံးအမျိုးသားတစ်ဦးက အမျိုးသမီး အယောက်(၅၀)၏ အရေးကိစ္စများနှင့်အကျိုးစီးပွားတို့ကို တာဝန်ယူထိမ်းသိမ်းစောင့်ရှောက်ရမည်ဖြစ်သည်။