အမျိုးအစား: . .
+ -
عن أبي هريرة رضي الله عنه

عَنِ النَّبِيِّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ، فِيمَا يَحْكِي عَنْ رَبِّهِ عَزَّ وَجَلَّ، قَالَ: «أَذْنَبَ عَبْدٌ ذَنْبًا، فَقَالَ: اللَّهُمَّ اغْفِرْ لِي ذَنْبِي، فَقَالَ تَبَارَكَ وَتَعَالَى: أَذْنَبَ عَبْدِي ذَنْبًا، فَعَلِمَ أَنَّ لَهُ رَبًّا يَغْفِرُ الذَّنْبَ، وَيَأْخُذُ بِالذَّنْبِ، ثُمَّ عَادَ فَأَذْنَبَ، فَقَالَ: أَيْ رَبِّ اغْفِرْ لِي ذَنْبِي، فَقَالَ تَبَارَكَ وَتَعَالَى: عَبْدِي أَذْنَبَ ذَنْبًا، فَعَلِمَ أَنَّ لَهُ رَبًّا يَغْفِرُ الذَّنْبَ، وَيَأْخُذُ بِالذَّنْبِ، ثُمَّ عَادَ فَأَذْنَبَ، فَقَالَ: أَيْ رَبِّ اغْفِرْ لِي ذَنْبِي، فَقَالَ تَبَارَكَ وَتَعَالَى: أَذْنَبَ عَبْدِي ذَنْبًا، فَعَلِمَ أَنَّ لَهُ رَبًّا يَغْفِرُ الذَّنْبَ، وَيَأْخُذُ بِالذَّنْبِ، اعْمَلْ مَا شِئْتَ فَقَدْ غَفَرْتُ لَكَ».
[صحيح] - [متفق عليه] - [صحيح مسلم: 2758]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော၊ ကြီးကျယ်မြင့်မြတ်တော်မူသော မိမိ၏အရှင်မြတ်ထံတော်မှတစ်ဆင့် ဆင့်ပြန်ပြောကြားခဲ့သည်။ အလ္လာဟ်အရှင်မြတ် မိန့်ကြားတော်မူသည်မှာ « ကျွန်တစ်ဦးသည် အပြစ်အကုသိုလ်တစ်ခုကို ကျူးလွန်ခဲ့ပြီးနောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ မင်္ဂလာအပေါင်းနှင့် ပြည့်စုံတော်မူသော ကြီးကျယ်မြင့်မြတ်တော်မူသော အရှင်မြတ်က မိန့်ကြားတော်မူသည်မှာ ငါအရှင်မြတ်၏ကျွန်သည် အပြစ်ကျူးလွန်ခဲ့ပြီးနောက် ၎င်းထံတွင် အပြစ်အကုသိုလ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ပြစ်မှုတို့ကို အရေးယူတော်မူသောအရှင် ရှိကြောင်းသိရှိခဲ့သည်။ ငါအရှင်မြတ်သည် ငါ၏ကျွန်ကို ခွင့်လွှတ်တော်မူလိုက်ပြီဖြစ်၏။ ထို့ကြောင့် သင်သည် မိမိအလိုရှိရာကို လုပ်နိုင်ပြီဖြစ်သည်။»

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 2758]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏အရှင်မြတ် ထံတော်မှတစ်ဆင့် ဆင့်ပြန်ပြောကြားသည်။ ကျေးကျွန်တစ်ဦးသည် အပြစ်အကုသိုလ်ကျူးလွန်ပြီးနောက် အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်၏ကျွန်သည် အပြစ်အကုသိုလ်ကိုကျူးလွန်ခဲ့သည်။ ထို့နောက် သူ့တွင် အပြစ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ဖုံးကွယ်ပေးတော်မူသောအရှင်၊ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင် သို့မဟုတ် အရေးယူနိုင်တော်မူသောအရှင် ရှိကြောင်းကို သိခဲ့သည်။ ငါအရှင်မြတ်သည် သူ့ကို ခွင့်လွှတ်တော်မူလိုက်ပြီဖြစ်၏။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်၏ကျွန်သည် အပြစ်အကုသိုလ်ကိုကျူးလွန်ခဲ့သည်။ ထို့နောက် သူ့တွင် အပြစ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ဖုံးကွယ်ပေးတော်မူသောအရှင်၊ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင် သို့မဟုတ် အရေးယူနိုင်တော်မူသောအရှင် ရှိကြောင်းကို သိခဲ့သည်။ ငါအရှင်မြတ်သည် ငါ၏ကျွန်အား ခွင့်လွှတ်တော်မူလိုက်ပြီဖြစ်သည်။ ၎င်းနောက် ထိုသူသည် အပြစ်ကို ပြန်လည်ကျူးလွန်ခဲ့သည်။ ထို့နောက် ၎င်းက အို - အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုး၏ အပြစ်ကို ခွင့်လွှတ်တော်မူပါဟု တောင်းခံခဲ့သည်။ ထိုအခါ အလ္လာဟ်အရှင်မြတ်က မိန့်ကြားတော်မူသည်။ ငါအရှင်မြတ်၏ကျွန်သည် အပြစ်အကုသိုလ်ကိုကျူးလွန်ခဲ့သည်။ ထို့နောက် သူ့တွင် အပြစ်တို့ကို ခွင့်လွှတ်တော်မူသောအရှင်၊ ဖုံးကွယ်ပေးတော်မူသောအရှင်၊ ခွင့်လွှတ်ချမ်းသာပေးတော်မူသောအရှင် သို့မဟုတ် အရေးယူနိုင်တော်မူသောအရှင် ရှိကြောင်းကို သိခဲ့သည်။ ငါအရှင်မြတ်သည် ငါ၏ကျွန်အား ခွင့်လွှတ်တော်မူလိုက်ပြီဖြစ်သည်။ သို့ဖြစ်၍ ၎င်းသည်အပြစ်အကုသိုလ် ကျူးလွန်ပြီး ယင်းအပြစ်ကို စွန့်လွှတ်ကာ နောင်တရ၍ ထိုအပြစ်ကို ထပ်မလုပ်ရန် ဆုံးဖြတ်ချက်ချနေသမျှ မိမိအလိုရှိရာကို လုပ်နိုင်ပြီဖြစ်သည်။ သို့သော် အကုသိုလ်ပြုချင်သည့်စိတ်က သူ့အားလွှမ်းမိုးသွားပြီး နောက်တစ်ကြိမ် အပြစ်ကျူးလွန်လိုက်သည်။ သူသည် ဤအတိုင်း အပြစ်ကျူးလွန်ပြီးနောက် ဝန်ချတောင်းပန်နေသ၍ ငါအရှင်မြတ်သည် သူ့အားခွင့်လွှတ်တော်မူမည်ဖြစ်သည်။ ဧကန်အမှန်ပင် သောင်ဝ်ဗဟ်အမှားဝန်ချတောင်းပန်မှုသည် ၎င်းမတိုင်ခင်က ကျူးလွန်ခဲ့သည့် အပြစ်အကုသိုလ်တို့အား ပယ်ဖျက်ပေးသည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ကျေးကျွန်များအပေါ် တွင်ရှိသည့် အလ္လာဟ်အရှင်မြတ်၏ ကြီးကျယ်လှသည့် ကရုဏာတော်တစ်ရပ်မှာ လူတစ်ဦးသည် မည်သို့ပင် အပြစ်ကျူးလွန်သည်ဖြစ်စေ၊ မည်သို့ပင်ပြုလုပ်မိသည်ဖြစ်စေ၊ အမှားဝန်ချတောင်းပန်မှုပြုကာ အလ္လာဟ်အရှင်မြတ်ထံပြန်လှည့်ပါက အလ္လာဟ်အရှင်မြတ်သည် ထိုသူ့အားခွင့်လွှတ်တော်မူမည်ဖြစ်သည်။
  2. အလ္လာဟ်အရှင်မြတ်ကို အီမာန်သက်ဝင်ယုံကြည်သူမုအ်မင်န်သည် မိမိအရှင်မြတ်၏ ခွင့်လွှတ်မှုကို မျှော်လင့်ချက်ထားပြီး အရှင်မြတ်၏အပြစ်ဒဏ်ကို ကြောက်ရွံ့သည့်အတွက် သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်မှုကို အလျင် အမြန်ပြုလုပ်ကာ အပြစ်အကုသိုလ်များကို ဆက်လက်ကျူးလွန်ခြင်းမပြုပေ။
  3. စစ်မှန်သည့်သောင်ဝ်ဗဟ် အမှားဝန်ချတောင်းပန်ခြင်း၏ စည်းကမ်းချက်များမှာ- (၁) အပြစ်အကုသိုလ်အား စွန့်လွှတ်ရမည်။ (၂) အပြစ်ကျူးလွန်ခဲ့သည့်အ‌ပေါ်နောင်တရရမည်။ (၃) အပြစ်ထပ်မံကျူးလွန်ခြင်းမပြုရန် ဆုံးဖြတ် ချက်ချရမည်။ အကယ်၍ လူတို့၏ ဥစ္စာပစ္စည်း၊ ဂုဏ်သိက္ခာ၊ အသက် စသည်တို့ကို မတရားပြုထားသည့်အတွက် သောင်ဝ်ဗဟ် အမှားဝန်ခံခြင်းဖြစ်ပါက စတုတ္ထမြောက် စည်းကမ်းချက်တစ်ခု ထပ်တိုးသွားမည်ဖြစ်သည်။ ၎င်းမှာ ရပိုင်ခွင့်ရှိသူထံမှ ခွင့်လွှတ်မှုတောင်းခံခြင်း သို့မဟုတ် ၎င်း၏ ရပိုင်ခွင့်ကို ပြန်လည်ပေး‌အပ်ခြင်းဖြစ်သည်။
  4. အလ္လာဟ်အရှင်မြတ်ကိုသိခြင်း၏ အရေးပါမှုကိုဖော်ပြထားသည်။ အရှင်မြတ်သည် လူတစ်ဦးကို မိမိ၏သာသာနာရေးကိစ္စရပ်များကို သိနားလည်
  5. စေသောကြောင့် သူသည်အမှားလုပ်မိတိုင်း သောင်ဝ်ဗဟ်အမှားဝန်ချတောင်း
  6. ပန်မှုပြုကာ မျှော်လင့်ချက်ကင်းမဲ့ခြင်း၊ အပြစ်ဆက်လက်ကျူးလွန်ခြင်းမျိုး မပြုလုပ်တော့ပေ။
الملاحظة
أهمية العلم بالله الذي يجعل العبد عالمًا بأمور دينه فيتوب كلّما أخطأ، فلا ييأس ولا يتمادى.
فائدة
النص المقترح هذا الحديث مما يرويه النبي صلى الله عليه وسلم عن ربه، ويسمى بالحديث القدسي أو الإلهي، وهو الذي لفظه ومعناه من الله، غير أنه ليست فيه خصائص القرآن التي امتاز بها عما سواه، من التعبد بتلاوته والطهارة له والتحدي والإعجاز وغير ذلك.
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি الفولانية အီတလီ অরমো কন্নড় الولوف البلغارية আজারী اليونانية الأكانية الأوزبكية الأوكرانية الجورجية المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်
အမျိုးအစားများ
  • .
ထပ်၍