كُنْتُ أَغْتَسِلُ أَنَا وَالنَّبِيُّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ مِنْ إِنَاءٍ وَاحِدٍ كِلاَنَا جُنُبٌ، وَكَانَ يَأْمُرُنِي، فَأَتَّزِرُ، فَيُبَاشِرُنِي وَأَنَا حَائِضٌ، وَكَانَ يُخْرِجُ رَأْسَهُ إِلَيَّ وَهُوَ مُعْتَكِفٌ فَأَغْسِلُهُ وَأَنَا حَائِضٌ. المزيد
မုအ်မင်န်တို့၏ မိခင်ကြီး အာအိရှဟ် (ရဿွိယလ္လာဟုအန်ဟာ)က ဆင့်ပြန် ပြောကြားခဲ့သည်။
ကျွန်မနှင့် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ရေအိုးတစ်လုံးထဲမှပင် ရေအတူချိုးခဲ့ကြသည်။ ကျွန်မတို့ နှစ်ဦးစလုံးသည် (ဂျုနုဗ်) ရေချိုးရန် တာဝန်ထိုက်နေကြပါသည်။ ကိုယ်တော်သည် ကျွန်မ ဓမ္မတာသွေးဆင်းနေစဉ် လုံချည်ဝတ်ရန်စေခိုင်းလေ့ရှိပြီး ကိုယ်တော်သည် ကျွန်မနှင့်ပွေ့ဖက်ကျီစယ်တော်မူသည်။ ကိုယ်တော်သည် အိသိကာဖ် ထိုင်နေစဉ် ကျွန်မအခန်းဘက်သို့ ဦးခေါင်းကို ထုတ်ပေးလေ့ရှိပြီး ကျွန်မသည် ဓမ္မတာသွေးဆင်းသူဖြစ်လျက်နှင့်ပင် ကိုယ်တော်၏ဦးခေါင်းကို ရေဆေးကြောပေးသည်။