أَنَّ رَجُلًا أَكَلَ عِنْدَ رَسُولِ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ بِشِمَالِهِ، فَقَالَ: «كُلْ بِيَمِينِكَ»، قَالَ: لَا أَسْتَطِيعُ، قَالَ: «لَا اسْتَطَعْتَ»، مَا مَنَعَهُ إِلَّا الْكِبْرُ، قَالَ: فَمَا رَفَعَهَا إِلَى فِيهِ. المزيد
စလမသုဗ်နုလ်အက္ကဝအ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ပြောကြားခဲ့သည်။
ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ထံပါး၌ ဘယ်လက်ဖြင့် စားနေခဲ့သည်။ ထိုအခါ ကိုယ်တော်က အသင်ညာလက်ဖြင့် စားပါဟု ပြောကြားခဲ့သည်။ ထိုပုဂ္ဂိုလ်က ကျွန်ုပ်မတတ်နိုင်ပါဟု ဖြေကြားခဲ့သည်။ ကိုယ်တော်က သင်မတတ်နိုင်ဘူးပေါ့ဟု မိန့်ကြားခဲ့သည်။ မာနတရားကသာ သူ့အား (ညာလက်ဖြင့်စားရန်) တားဆီးခဲ့ခြင်းဖြစ်သည်။ ဆင့်ပြန်သူက ပြောသည်မှာ ထိုပုဂ္ဂိုလ်သည် မိမိ၏ပါးစပ်နားသို့ လက်မမြှောက်နိုင်တော့ပေ။