«إِنَّ اللهَ عَزَّ وَجَلَّ يَنْهَاكُمْ أَنْ تَحْلِفُوا بِآبَائِكُمْ»، قَالَ عُمَرُ: فَوَاللهِ مَا حَلَفْتُ بِهَا مُنْذُ سَمِعْتُ رَسُولَ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ نَهَى عَنْهَا ذَاكِرًا وَلَا آثِرًا. المزيد
အုမရ်ဗင်န် ခသ်သွာဗ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ဧကန်မုချ ကြီးကျယ်မြင့်မြတ်တော်မူသော အလ္လာဟ်အရှင်မြတ်သည် သင်တို့အား မိမိတို့၏ ဘိုးဘွားများနှင့်ကျိန်ဆိုခြင်းမပြုရန် တားမြစ်ထားသည်။ အုမရ်(ရဿွိယလ္လာဟုအန်ဟု)က ပြောကြားသည်မှာ အလ္လာဟ်အရှင်မြတ်ကို တိုင်တည်ပါ၏။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် ထိုသို့ကျိန်ဆိုခြင်းအား တားမြစ်လိုက်သည်ကို ကျွန်ုပ်ကြားလိုက်သည့်အချိန်မှစ၍ သိလျက်နှင့်ဖြစ်စေ၊ အခြားသူ၏ ကျိန်ဆိုမှုကို တစ်ဆင့်တင်ပြသည့် အနေဖြင့်ဖြစ်စေ၊ ကျွန်ုပ်သည် ဘိုးဘွားများနှင့်ကျိန်ဆိုခြင်း မပြုတော့ပါ။