အမျိုးအစား: . .
+ -
عن أبي هريرة رضي الله عنه قال: قال رسول الله صلى الله عليه وسلم:

«مَنْ كَذَبَ عَلَيَّ مُتَعَمِّدًا فَلْيَتَبَوَّأْ مَقْعَدَهُ مِنَ النَّارِ».
[صحيح] - [متفق عليه] - [صحيح البخاري: 110]
المزيــد ...

အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အကြင်သူသည် ငါကိုယ်တော်နှင့်ပတ်သက်၍ တမင်သိလျက်နှင့် မဟုတ်မမှန် မုသားပြောဆိုခဲ့လျှင် ထိုသူသည်မိမိ၏နေရာဌာနကို ငရဲမီးတွင်ပြုလုပ်ထားပါ။

الملاحظة
جابر
النص المقترح احمدجابر
الملاحظة
صحيح من
النص المقترح لا يوجد...

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح البخاري - 110]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ မည်သူမဆို စကားဖြစ်စေ၊ လုပ်ရပ်ဖြစ်စေ ငါကိုယ်တော်နှင့်ပတ်သက်၍ သိလျက်နှင့် မဟုတ်မမှန် မုသားပြောဆိုခဲ့လျှင် ထိုသူ့အတွက် နောင်တမလွန် အာခိရသ်တွင် ငရဲမီး၌ နေရာထိုင်ခင်းရှိမည်ဖြစ်သည်။ ဤသည် တမန်တော်မြတ်နှင့် ပတ်သက်၍ မုသားပြောခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်သည်။

الملاحظة
ترجمة
النص المقترح لا يوجد...

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်ပတ်သက်၍ တမင်သိလျက်နှင့် မုသားပြောဆိုခြင်းသည် ဂျဟန္နမ်သို့ဝင်ရောက်ရမည့် အကြောင်းခံတစ်ခုပင်ဖြစ်သည်။
  2. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) နှင့်ပတ်သက်၍ လိမ်လည်ခြင်းသည် အခြားသူများအပေါ်လိမ်လည်ခြင်းနှင့်မတူပေ။ အဘယ့်ကြောင့်ဆိုသော် ထိုသို့ လိမ်လည်ခြင်းဖြင့် သာသနာနှင့် လောကီရေးရာများတွင် ကြီးမားလှသည့် ပျက်စီးမှုများဖြစ်ပေါ်လာပေသည်။
  3. တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ဘက်သို့ ဆက်နွှယ်မှု မှန်ကန်ကြောင်း သေချာခိုင်မာစွာ မစစ်ဆေးမီအလျှင် ဟဒီးဆ်တော်များအား ဖြန့်ချိခြင်းကို သတိပေးတားမြစ်ထားသည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি অরমো কন্নড় الولوف আজারী الأوكرانية الجورجية المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်
အမျိုးအစားများ
  • .
  • . .
ထပ်၍