عن عثمان بن عفان رضي الله عنه عن النبي صلى الله عليه وسلم قال: «من توضَّأ فَأَحْسَن الوُضُوءَ، خَرَجَتْ خَطَايَاهُ مِنْ جَسَدِهِ حَتَّى تَخْرُج مِنْ تَحْتِ أَظْفَارِه».
[صحيح] - [رواه مسلم]
المزيــد ...
အွတ်စ်မာန်ဗင်န်အဖ္ဖာန်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) မိန့်တော်မူသည်။ အကြင်သူသည် ဝုဿွူရေသန့်စင်ခြင်းအား ကောင်းမွန် ပြည့်စုံအောင်ပြုလုပ်မည်ဆိုလျှင် သူ၏ခန္ဓာကိုယ်မှ အကုသိုလ်များ ကင်းစင်သွားမည်ဖြစ်ပြီး လက်သည်းအောက်ရှိ အကုသိုလ်များပါ ကင်းစင်သွားမည်ဖြစ်သည်။
[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။]
ဝုဿွူသည် အမွန်မြတ်ဆုံး ခဝပ်ကိုးကွယ်မှုများထဲတွင်ပါဝင်ကြောင်း ဟဒီးဆ်တော်ကညွှန်ပြနေသည်။ ဤဟဒီးဆ်တော်၌လာရှိသည့်ဝုဿွူ၏အကျိုးကုသိုလ်များမှာ အကြင်သူသည် ဝုဿွူရေသန့်စင်ခြင်းအား ၎င်း၏စွန္နသ်၊ မွတ်စ်သဟဗ်စသည့် စည်းကမ်းချက်များနှင့်အညီ ကောင်းမွန်ကျနစွာပြုလုပ်ခဲ့လျှင် သူ၏ဝုဿွူသည် ၎င်းသူကျူးလွန်ခဲ့သည့် အရှင်မြတ်နှင့် သက်ဆိုင်သည့်တာဝန်ဝတ္တရားအနက် သေးငယ်သောအပြစ်အကုသိုလ်များအား လက်သည်းများအောက်ရှိ အလွန်ပါးလွှာသည့် နေရာများမှပင် ကင်းစင်သွားရန်အတွက် အကြောင်းခံဖြစ်သွားလိမ့်မည်။ ထို့ကြောင့် မွတ်စ်လင်မ်တစ်ဦးသည် မိမိဝုဿွူအား အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရန် ရည်စူးချက်ထားရမည်။ ထို့ပြင် အလ္လာဟ်အရှင်မြတ်၏ မိန့်ကြားထားသည့်“အသင်တို့သည် “ဆွလာသ်” ဝတ်ပြုရန် ထကြသောအခါ မိမိတို့၏ မျက်နှာများကို ဆေးကြောကြလေကုန်။” (စူရဟ် မာအိဒဟ် - ၆) ဟူသော အမိန့်တော်အား အကောင်ထည်ဖော်နေကြောင်း၊ ဝုဿွူပြုရာတွင် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)၏ နောက်လိုက်မှုပြုနေကြောင်း၊ မိမိသည် အကျိုးကုသိုလ်ကို မျှော်လင့်ကြောင်းစိတ်ထဲတွင် အာရုံပြုထားရမည်။ ဤသို့ဖြင့် ၎င်းသည် ဝုဿွူအားကောင်းမွန် ပြည့်စုံအောင်ဆောင်ရွက်လာမည်ဖြစ်သည်။