«مَا يُصِيبُ الْمُسْلِمَ مِنْ نَصَبٍ وَلَا وَصَبٍ وَلَا هَمٍّ وَلَا حُزْنٍ وَلَا أَذًى وَلَا غَمٍّ حَتَّى الشَّوْكَةِ يُشَاكُهَا إِلَّا كَفَّرَ اللهُ بِهَا مِنْ خَطَايَاهُ».
[صحيح] - [متفق عليه] - [صحيح البخاري: 5641]
المزيــد ...
အဗူစအီးဒ် အလ်ခုဒ်ရီနှင့် အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟုမာ)တို့က ဆင့်ပြန်ပြောကြားခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)မိန့်ကြားတော်မူသည်။
မွတ်စလင်မ်တစ်ဦးအပေါ်တွင် ကျရောက်လာသည့် ပင်ပန်းမှုဝေဒနာဖြစ်စေ၊ ခန္ဓာကိုယ်အစိတ်အပိုင်းနာကျင်မှုဖြစ်စေ၊ (ဖြစ်လာမည့် ကိစ္စရပ်ကိုကြိုတွေးပြီး) ပူပန်မှုဖြစ်စေ၊ (ဖြစ်ပြီးသွားသော ကိစ္စရပ်အပေါ်) ပူဆွေးမှုဖြစ်စေ၊ အန္တရာယ်တစ်ခုခုဖြစ်စေ၊ (ဖြစ်နေသည့် ကိစ္စရပ်အပေါ်တွေးပြီး) စိုးရိမ်မှုသောကဖြစ်စေ၊ နောက်ဆုံး အဆူးစူးသည်ပင်ဖြစ်စေ အလ္လာဟ်အရှင်မြတ်သည် ယင်းအရာများကို အကြောင်းပြု၍ ထိုသူ၏ အပြစ်များကို ပြေပျောက်စေတော်မူသည်။
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းလင်းမိန့်ကြားတော်မူသည်မှာ မွတ်စ်လင်မ်တစ်ဦး ခံစားရသည့် ရောဂါဝေဒနာများ၊ စိုးရိမ်ပူပန်မှုများ၊ သောကများ၊ ဘေးဥပဒ်များ၊ ဒုက္ခများ၊ အခက်အခဲများ၊ ကြောက်ရွံ့မှု၊ ငတ်မွတ်မှု စသည်တို့အပြင် နောက်ဆုံး အဆူးစူး၍ ခံစားရသည့်နာကျင်မှုပင်ဖြစ်စေ ၎င်း၏အပြစ်များကို ပြေပျောက်စေပြီး၊ အကုသိုလ်များကို ပယ်ဖျက်ပေးမည်ဖြစ်သည်။