«إِنَّ مِنْ شِرَارِ النَّاسِ مَنْ تُدْرِكُهُ السَّاعَةُ وَهُمْ أَحْيَاءٌ، وَمَنْ يَتَّخِذُ الْقُبُورَ مَسَاجِدَ».
[حسن] - [رواه أحمد] - [مسند أحمد: 3844]
المزيــد ...
အဗ်ဒုလ္လာဟ်ဗင်န် မတ်စ်အူးဒ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့ပြောကြားခဲ့သည်။ ကျွန်တော်သည် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
ဧကန်အမှန်ပင် လူတို့အနက် အဆိုးဆုံးသူများသည် အသက်ရှင်လျက် ကိယာမသ်ကို ကြုံကြိုက်ရသူများနှင့် ကဗရ်သင်္ချိုင်းများကို ဦးချရာနေရာ (ဗလီဝတ်ကျောင်းတော်)များအဖြစ် ပြုလုပ်ကြသူများဖြစ်သည်။
တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည် မှာ လူတို့အနက် အဆိုးဆုံးသူများသည်အသက်ရှင်လျက်နှင့် ကိယာမသ်ကို ကြုံကြိုက်သူများ၊ ကဗရ်သင်္ချိုင်းများကို ဦးချရာနေရာ (ဗလီဝတ်ကျောင်းတော်) များအဖြစ် ပြုလုပ်ကြသူများ၊ သင်္ချိုင်းများ၌ လည်းကောင်း သင်္ချိုင်းများဘက်သို့လှည့်၍ လည်းကောင်း ဆွလာသ်ဆောက်တည်ကြသူများ ဖြစ်ကြသည်။