အမျိုးအစား: . . .
+ -
عن ابن عباس رضي الله عنهما:

كان النبي صلى الله عليه وسلم يقول بين السجدتين: «اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي».
[حسن بشواهده] - [رواه أبو داود والترمذي وابن ماجه وأحمد] - [سنن أبي داود: 850]
المزيــد ...

အိဗ်နုအဗ္ဗာစ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
ဧကန်အမှန် အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် စဂ်ျဒဟ် နှစ်ခုကြားတွင် " اللَّهمَّ اغْفِرْ لي، وارْحَمْنِي، وعافِني، واهْدِني، وارزقْنِي " (အဓိပ္ပါယ်- အို-အလ္လာဟ်အရှင်မြတ် ကျွန်တော်မျိုးအား ခွင့်လွှတ်တော်မူပါ၊ ကရုဏာပြုတော်မူပါ၊ ငြိမ်းချမ်းမှုအဖြာဖြာ ချီးမြှင့်တော်မူပါ၊ လမ်းမှန်တရားချီးမြှင့်တော်မူပါ၊ စားနပ်ရိက္ခာချီးမြှင့်တော်မူပါ။)ကို အမြဲတောင်းခံလေ့ရှိ၏။

الملاحظة
يرجى تصحيح ما بين القوسين في موقعكم وشكرا في الشرح: "يخبر ابن عباس رضي الله (عنها) أن النبي صلى الله عليه وسلم :"
النص المقترح الصحيح : عنهما

- - [سنن أبي داود - 850]

ရှင်းလင်းချက်

တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် မိမိ၏ဆွလာသ်၌ စဂ်ျဒဟ်နှစ်ခုကြားတွင် ဤတောင်းဆုတော်ငါးခုကို အမြဲတမ်းတောင်းခံလေ့ရှိသည်။ ထိုတောင်းဆုတော်များသည် မွတ်စ်လင်မ်များအတွက် အလွန်လိုအပ်သော တောင်းဆုများဖြစ်သည်။ ထိုတောင်းဆုတော်များတွင် လောကီ၊ လောကုတ္တရာ နှစ်ဌာန၏ ကောင်းခြင်းများဖြစ်သည့် ခွင့်လွှတ်မှုချီးမြှင့်ပေးတော်မူရန်၊ အပြစ်အကုသိုလ်များကို ဖုံးကွယ်ပေးကာ လွတ် ငြိမ်းချမ်းသာခွင့်ပေးသနားတော်မူရန်၊ ကရုဏာတော်များ အပြည့်အဝချီးမြှင့်ပေးသနားရန်၊ သံသယဖြစ်ဖွယ်ကိစ္စရပ်များ၊ ပျက်စီးဒုက္ခရောက်စေသည့် အလိုရမ္မက်များ၊ ရောဂါများမှကင်းစင်ကာ အေးချမ်းသာယာမှုကို ချီးမြှင့်တော်မူရန်တို့ပါရှိသည်။ ထို့အတူ ဟိဒါယသ် လမ်းမှန်တရား ချီးမြှင့်တော်မူပြီး ယင်းအပေါ် စွဲမြဲစွာရပ်တည်နိုင်ရန်နှင့် အီမာန်ယုံကြည်မှု၊ အသိပညာ၊ ကောင်းမြတ်သည့် အမလ်ကျင့်ဆောင်မှုများ၊ သန့်ပြန့်သည့် ဟလာလ်ပစ္စည်းများကို ချီးမြှင့်ပေးသနားရန် အလ္လာဟ်အရှင်မြတ်ထံတော်တွင် တောင်းခံခြင်းများ ပါရှိသည်။

الملاحظة
رضي الله عنها
النص المقترح رضي الله عنهما
الملاحظة
السلام عليكم ورحمة الله وبركاته، يوجد خطأ عند "يخبر ابن عباس رضي الله عنها" أرجو تصحيحها، جزاكم الله خير
النص المقترح لا يوجد...

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. စဂ်ျဒဟ် နှစ်ခုကြား၌ ထိုင်သည့်အခါ ဤဒုအာကို တောင်းခံရန် တရားတော်က ပြဌာန်းထားသည်။
  2. လောကီ၊ လောကုတ္တရာ နှစ်ဌာန၏ ကောင်းခြင်းများပါရှိသော ဤတောင်းဆုတော်၏ မွန်မြတ်မှုကို ဖော်ပြထားသည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি အီတလီ কন্নড় الولوف البلغارية আজারী الأوكرانية الجورجية المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်
အမျိုးအစားများ
  • . .
  • . .
ထပ်၍