عَنِ الْبَرَاءِ رضي الله عنه قَالَ: قَالَ رَسُولُ اللهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ:
«إِذَا سَجَدْتَ، فَضَعْ كَفَّيْكَ وَارْفَعْ مِرْفَقَيْكَ».

[صحيح] - [رواه مسلم] - [صحيح مسلم: 494]
المزيــد ...

ဤဘာသာပြန်ဆိုချက်ကို ပိုမိုသုံးသပ်ရန်နှင့် စစ်ဆေးရန်လိုအပ်သည်။.

ဗရာအ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
"အသင် (ဆွလာတ်ဝတ်ပြုရာ၌) စဂျ်ဒဟ် ဦးချသောအခါ သင်၏လက်ဖဝါးနှစ်ဖက်ကို မြေကြီးပေါ်တွင် ချထားပါ။ သင်၏တံတောင်ဆစ်နှစ်ဖက်ကိုအပေါ်သို့ မြှောက်ထားလော့။"

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 494]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်) သည် ဆွလာတ်ဝတ်ပြုရာတွင် စဂျ်ဒဟ်၌ လက်နှစ်ဘက်၏အနေအထားမှာ မည်သို့ရှိရမည်ကို ရှင်းပြတော်မူခဲ့သည်။ လက်ဝါးနှစ်ဖက်ကို မြေကြီးပေါ်တွင် ကောင်းစွာ ချထားရန်၊ လက်ချောင်းများကို စုစည်းကာ ကိဗ်လဟ်ဘက်သို့ ညွှန်ထားရန်၊ တံတောင်ဆစ်နှစ်ဖက်ကို မြေကြီးနှင့်မထိအောင်အပေါ်သို့ မြင့်တင်ထားပြီး နံဘေးနှစ်ဘက်မှ ခွာထားခြင်းဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. ဆွလာတ်ဝတ်ပြုသူအပေါ်၌ လက်ဖဝါးနှစ်ဖက်ကို မြေကြီးပေါ်တွင် ချထားရန် အရေးကြီးသည်။ လက်ဖဝါးနှစ်ဖက်သည် စဂျ်ဒဟ်ဦးချရာတွင် အသုံးပြုရသည့် ကိုယ်အင်္ဂါအစိတ်အပိုင်း (၇) ခုတွင် ပါဝင်သော အစိတ်အပိုင်းနှစ်ခု ဖြစ်သည်။
  2. လက်မောင်းနှစ်ဖက်ကို မြေကြီးနှင့်မထိအောင်အပေါ်သို့ မြင့်တင်ထားခြင်းသည် မွတ်စ်သဟဗ်ဖြစ်ပြီး သားရဲတိရစ္ဆာန်များကဲ့သို့ လက်ကိုမြေကြီးပေါ် ဖြန့်ခင်းထားခြင်းသည် မက်ရူဟ် (မနှစ်မြို့ဖွယ်ကိစ္စ) ဖြစ်သည်။
  3. အေဗာဒသ်ခဝပ်ကိုးကွယ်မှုတွင် လန်းဆန်းတက်ကြွမှု၊ ခွန်အားနှင့် စိတ်အားထက်သန်မှုကို ဖော်ပြခြင်းသည် မွတ်စ်သဟဗ် ဖြစ်သည်။
  4. ဆွလားသ်ဝတ်ပြုသူသည် စဂျ်ဒဟ်၏ အင်္ဂါအစိတ်အပိုင်းအားလုံးကို မှီခိုအားထား (မြေကြီးပေါ်တွင် ထိတွေ့ထား) သောအခါ၊ အင်္ဂါအစိတ်အပိုင်းတစ်ခုစီသည် ၎င်း၏ ကိုးကွယ်မှုဆိုင်ရာ အခွင့်အရေးကို အပြည့်အဝ ရရှိသည်။ ( တစ်နည်း အရှင်မြတ်၏ အိဗာဒသ်ဆည်းကပ်မှုတွင် နှစ်မြှုပ်လျက်ရှိသည်။ )
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (47)
ထပ်၍