عَنْ عَبْدِ اللَّهِ بْنِ عَمْرٍو رَضِيَ اللَّهُ عَنْهُمَا:
أَنَّ رَجُلًا سَأَلَ النَّبِيَّ صَلَّى اللهُ عَلَيْهِ وَسَلَّمَ: أَيُّ الإِسْلاَمِ خَيْرٌ؟ قَالَ: «تُطْعِمُ الطَّعَامَ، وَتَقْرَأُ السَّلاَمَ عَلَى مَنْ عَرَفْتَ وَمَنْ لَمْ تَعْرِفْ».
[صحيح] - [متفق عليه] - [صحيح البخاري: 12]
المزيــد ...
အဗ်ဒုလ္လာဟ်ဗင်န် အမ်ရ်(ရဿွိယလ္လာဟုအန်ဟုမာ)က ဆင့်ပြန်ခဲ့သည်။
ပုဂ္ဂိုလ်တစ်ဦးသည် တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) အား အစ္စလာမ်သာသနာ၏ မည်သည့်လုပ်ရပ်သည် အကောင်းဆုံးသော ဖြစ်ပါသနည်းဟု လျှောက်ထား မေးမြန်းခဲ့သည်။ ထိုအခါတမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ အသင် (သူဆင်းရဲများအား) အစားအစာ ကျွေးမွေးခြင်း၊ အသင် သိသူကိုဖြစ်စေ မသိသူကိုဖြစ်စေ စလာမ်ပေးခြင်းဖြစ်သည်။
[صحيح] - [متفق عليه] - [صحيح البخاري - 12]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)သည် အစ္စလာမ်သာသနာ၏ မည်သည့်လုပ်ရပ်များက အကောင်းဆုံးဖြစ်ပါသနည်းဟု မေးမြန်းခံရသည်။ ထိုအခါ ကိုယ်တော်က အောက်ပါ အရည်အချင်းနှစ်ရပ်ကို ဖော်ပြတော်မူခဲ့သည်။
ပထမအချက် - ဆင်းရဲသားများကို အစားအစာများများ ကျွေးမွေးခြင်း ဖြစ်သည်။ ယင်းတွင် စွဒ်ကဟ်အလှူဒါနပြုခြင်း၊ လက်ဆောင်ပေးကမ်းခြင်း၊ ဧည့်ဝတ်ပြုခြင်းနှင့် ဝလီမဟ် ဧည့်ခံကျွေးမွေးခြင်းတို့လည်း ပါဝင်သည်။ အထူးသဖြင့် ငတ်မွတ်ခေါင်းပါးသည့်ကာလနှင့် ကုန်ဈေးနှုန်းများ ကြီးမြင့်နေချိန်များတွင် အစားအစာကျွေးမွေးခြင်း၏ မွန်မြတ်မှုမှာ ပို၍ ပင် လေးနက်သွားသည်။
ဒုတိယအချက် - မွတ်စ်လင်မ်တိုင်းအား သိသူဖြစ်စေ၊ မသိသူဖြစ်စေ စလာမ်ပေးခြင်း ဖြစ်သည်။