အမျိုးအစား: . .
عن أبي هريرة رضي الله عنه أن رسول الله صلى الله عليه وسلم قال:

«أَقْرَبُ مَا يَكُونُ الْعَبْدُ مِنْ رَبِّهِ وَهُوَ سَاجِدٌ، فَأَكْثِرُوا الدُّعَاءَ».
[صحيح] - [رواه مسلم] - [صحيح مسلم: 482]
المزيــد ...

အဗူဟုရိုင်ရဟ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
ကျွန်တစ်ဦးသည် မိမိအရှင်မြတ်နှင့် အနီးကပ်ဆုံးအချိန်မှာ စဂ်ျဒဟ် ဦးချနေချိန်ဖြစ်သည်။ထို့ကြောင့် အသင်တို့သည် (ထိုအချိန်၌) ဒုအာအမြောက်အမြား တောင်းခံကြပါ။

الملاحظة
Baik
النص المقترح عن أبي هريرة رضي الله عنه عن النبي صلى الله عليه وسلم قال: «أقْرَبُ ما يَكون العبد مِنْ رَبِّهِ وهو ساجد، فَأَكْثروا الدُّعاء».

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 482]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) ရှင်းလင်းမိန့်ကြားတော်မူသည်မှာ ကျွန်တစ်ဦး မိမိအရှင်မြတ်နှင့် အနီးကပ်ဆုံးအချိန်မှာ ၎င်းသူစဂ်ျဒဟ် ဦးချနေချိန်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ဆွလာသ်ဆောက်တည်နေသူတစ်ဦးသည် စဂျဟ်ဒဟ်ပြုသည့်အခါ အလ္လာဟ်အရှင်မြတ်၏ ရှေ့မှောက်၌ ရိုသေကျိုးငဲ့စွာဖြင့် မိမိခန္ဓာကိုယ်၏ အမြင့်ဆုံးနှင့် အမွန်မြတ်ဆုံး အစိတ်အပိုင်းကို မြေပြင်ပါ်တွင် ချထားသည့်အတွက်ကြောင့်ဖြစ်သည်။
စဂ်ျဒဟ် ဦးချစဉ် ဒုအာများမြောင်စွာတောင်းခံရန် ကိုယ်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားထားသည်။ ဤသို့ဖြင့် ကိုယ်၊နှုတ် နှစ်မျိုးစလုံးဖြင့် ကျိုးငဲ့မှု ပေါင်းစည်းသွားမည်ဖြစ်သည်။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အမိန့်နာခံမှုသည် ကျွန်အား ကြီးကျယ်မြင့်မြတ်တော်မူသော ချို့တဲ့မှုအပေါင်းမှ ကင်းစင်တော်မူသော အလ္လာဟ်အရှင်မြတ်နှင့် ပို၍နီးကပ်စေသည်။
  2. စဂ်ျဒဟ် ဦးချနေစဉ် ဒုအာဆုမွန်အမြောက်အမြား တောင်းခံခြင်း မွတ်စ်သဟဗ်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းသည် ဒုအာ လက်ခံခြင်းခံရသည့် နေရာများတွင်ပါဝင်သည်။
ဘာသာပြန်များကို ကြည့်ရှုရန်
ဘာသာစကား: အင်္ဂလိပ် အုရ်ဒူ စပိန် ထပ်၍ (67)
အမျိုးအစားများ
  • .
ထပ်၍