عَنْ أَبِي هُرَيْرَةَ رضي الله عنه أَنَّهُ سَمِعَ رَسُولَ اللَّهِ صَلَّى اللهُ عَلَيْهِ وَسَلَّمَ يَقُولُ:
«أَرَأَيْتُمْ لَوْ أَنَّ نَهَرًا بِبَابِ أَحَدِكُمْ يَغْتَسِلُ فِيهِ كُلَّ يَوْمٍ خَمْسًا، مَا تَقُولُ ذَلِكَ يُبْقِي مِنْ دَرَنِهِ؟» قَالُوا: لَا يُبْقِي مِنْ دَرَنِهِ شَيْئًا، قَالَ: «فَذَلِكَ مِثْلُ الصَّلَوَاتِ الخَمْسِ، يَمْحُو اللَّهُ بِهِ الخَطَايَا».
[صحيح] - [متفق عليه] - [صحيح البخاري: 528]
المزيــد ...
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ သူသည် အလ္လာဟ်အရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်ကို ကြားသိခဲ့သည်။
အကယ်၍ အသင်တို့အနက်တစ်ဦးတစ်ယောက်၏ တံခါးဝတွင် မြစ်တစ်ခုရှိပြီး ၎င်းသည် ထိုမြစ်ထဲ၌ နေ့စဉ်ငါးကြိမ် ရေဆင်းချိုးပါက သင်တို့မည်သို့ ထင်မြင်ပါသနည်း။ ထိုရေချိုးခြင်းက ၎င်းထံတွင် အညစ်အကြေး တစ်စုံတစ်ရာကျန်ရှိစေမည်လော။ သာဝကကြီးများက ၎င်း၌ အညစ်အကြေး တစ်စုံတစ်ရာကျန်ရှိစေလိမ့်မည် မဟုတ်ပါဟု ဖြေကြားခဲ့ကြသည်။ ထိုအခါ ကိုယ်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က မိန့်ကြားတော်မူသည်မှာ ဆွလာသ်ငါးကြိမ်သည်လည်း ထိုပမာပင်ဖြစ်သည်။ အလ္လာဟ်အရှင်မြတ်သည် ၎င်းတို့ကို အကြောင်းခံ၍ အပြစ်အကုသိုလ်များကို ပယ်ဖျက်ပေးတော်မူသည်။
[صحيح] - [متفق عليه] - [صحيح البخاري - 528]
တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က နေ့နှင့်ညတွင် ဆောက်တည်သော ဆွလာသ်ငါးကြိမ်သည် သေးငယ်သောအပြစ်အကုသိုလ်များ၊ မကောင်းမှုများကို ပယ်ဖျက်ခြင်းကို လူတစ်ဦး၏ တံခါးဝတွင် မြစ်တစ်ခုရှိပြီး ထိုမြစ်ထဲ၌ နေ့စဉ် ငါးကြိမ် ရေချိုးသည့်အခါ ၎င်း၏ခန္ဓာကိုယ်တွင် အညစ်အကြေးတစ်စုံတစ်ရာ မကျန်ရှိတော့ခြင်းဖြင့် ပမာခိုင်းနှိုင်းပြတော်မူခဲ့သည်။