အမျိုးအစား: . . .
+ -
عن عمر بن الخطاب رضي الله عنه قال: قال رسول الله صلى الله عليه وسلم:

«إِنَّمَا الْأَعْمَالُ بِالنِّيَّةِ، وَإِنَّمَا لِامْرِئٍ مَا نَوَى، فَمَنْ كَانَتْ هِجْرَتُهُ إِلَى اللهِ وَرَسُولِهِ، فَهِجْرَتُهُ إِلَى اللهِ وَرَسُولِهِ، وَمَنْ كَانَتْ هِجْرَتُهُ لِدُنْيَا يُصِيبُهَا أَوِ امْرَأَةٍ يَتَزَوَّجُهَا، فَهِجْرَتُهُ إِلَى مَا هَاجَرَ إِلَيْهِ». وفي لفظ للبخاري: «إِنَّمَا الْأَعْمَالُ بِالنِّيَّاتِ، وَإِنَّمَا لِكُلِّ امْرِئٍ مَا نَوَى».
[صحيح] - [متفق عليه] - [صحيح مسلم: 1907]
المزيــد ...

အုမရ် ဗင်န် ခသ်သွားဗ်(ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)မိန့်ကြားတော်မူခဲ့သည်။
ဧကန်အမှန်ပင် အမလ်လုပ်ဆောင်ချက်များသည် ရည်စူးချက်အပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။ ထို့ကြောင့် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက်ဖြစ်ခဲ့လျှင် ထိုသူ၏ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် အလ္လာဟ်အရှင်မြတ်နှင့် အရှင်မြတ်၏ ရစူလ်တမန်တော်အတွက် ဖြစ်မည်။ ထို့ပြင် အကြင်သူ၏ ဟိဂျ်ရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းသည် လောကီ (အကျိုး)ရရှိရန်အတွက် သို့မဟုတ် အမျိုးသမီးတစ်ဦးအား ထိမ်းမြားရန်အတွက် ဖြစ်ခဲ့မည်ဆိုလျှင် ထိုသူ၏ ဟိဂ်ျရသ် နေရပ် စွန့်ခွာရွှေ့ပြောင်းခြင်းသည် ၎င်းသူစွန့်ခွာရွှေ့ပြောင်းခဲ့သည့် အရာအတွက်ပင် ဖြစ်လိမ့်မည်။ ဗုခါရီ၏ စာသားတွင်« ဧကန်အမှန်ပင် အမလ်လုပ်ဆောင်ချက်များသည် ရည်စူးချက်များအပေါ်တွင် မူတည်သည်။ လူတိုင်းသည် မိမိရည်စူးခဲ့သည့် အရာကိုသာရရှိမည်ဖြစ်သည်။»

الملاحظة
جزاكم الله
النص المقترح لا يوجد...
الملاحظة
Assalam anlaykoum wa rahmatoullah wa barakatouh, vous avez oublié " likoulli" au début du hadith. Baarakallahou fikoum
النص المقترح لا يوجد...

[ဤဟဒီးဆ်သည် ဆွဟီးဟ် အဆင့်ရှိသည်။] - [ဗုခါရီကျမ်းနှင့် မွတ်စ်လင်မ်ကျမ်း။] - [صحيح مسلم - 1907]

ရှင်းလင်းချက်

တမန်တော်မြတ် (ဆွလ္လလ္လာဟုအလိုင်ဟိဝစလ္လမ်)က ရှင်းပြတော်မူသည်မှာ ဧကန်အမှန် လုပ်ဆောင်ချက်အားလုံးသည် ရည်စူးချက်အပေါ်တွင် အခြေခံသည်။ ဤအမိန့်သည် ခဝပ်ကိုးကွယ်မှု၌ဖြစ်‌စေနှင့် အရောင်းအ၀ယ်၌ဖြစ်စေအားလုံးနှင့် သက်ဆိုင်သည့် ယေဘုယျအမိန့်ဖြစ်သည်။ သို့ဖြစ်၍ မိမိ၏အမလ်ကျင့်ဆောင်မှုဖြင့် လောကီအကျိုးကို မျှော်လင့်သူသည် ထိုအကျိုးကိုသာ ရရှိမည်ဖြစ်ပြီး ကုသိုလ်အကျိုးရရှိမည်မဟုတ်ပါ။ မိမိ၏အမလ်ကျင့်ဆောင်မှုဖြင့် အလ္လာဟ်အရှင်မြတ်နှင့် နီးကပ်မှုရရန် ရည်ရွယ်သူသည် စားခြင်း၊ သောက်ခြင်းကဲ့သို့ သာမာန်ကိစ္စမျိုးပင်ဖြစ်စေ မိမိ၏အမလ်ကျင့်ဆောင်မှုအတွက် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။
ထိုနှစ်ချက်သည် အပေါ်ယံအားဖြင့် တူညီနေသော်လည်း အမလ်ကျင့်ဆောင်မှုများတွင် ရည်စူးချက်၏ အကျိုးသက်ရောက်မှုကို ရှင်းပြရန် တမန်တော်မြတ်(ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)က ပမာပေးတော်မူခဲ့သည်။ ကိုယ်တော်က ရှင်းပြတော်မူသည်မှာ အကြင်သူသည် မိမိ၏ ဟိဂ်ျရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းအား အလ္လာဟ်အရှင်မြတ် ကျေနပ်နှစ်သက်ရန်အတွက် ရည်စူးခဲ့လျှင် သူ၏ဟိဂ်ျရသ်သည် တရားတော်နှင့်ကိုက်ညီကာ လက်ခံသဘောတူခြင်းခံရသည့်ဟိဂျရသ်ဖြစ်ပြီး သူ၏ရည်စူးချက် မှန်ကန်မှုကြောင့် အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။ အကြင်သူသည် မိမိ၏ ဟိဂ်ျရသ် နေရပ်စွန့်ခွာရွှေ့ပြောင်းခြင်းအား ဥစ္စာပစ္စည်း၊ ဂုဏ်သိက္ခာ၊ အရောင်းအ၀ယ်၊ အမျိုးသမီးစသည့် လောကီအကျိုးစီးပွားအတွက် ရည်စူးခဲ့လျှင် သူ၏ဟိဂ်ျရသ်မှ သူရည်စူးလိုက်သည့် အကျိုးကိုသာ ရရှိမည်ဖြစ်ပြီး နောင်တမလွန်ဘဝတွင် မည်သည့်အကျိုးကုသိုလ်ကိုမျှ ဝေစုအဖြစ်ရရှိလိမ့်မည် မဟုတ်ပါ။

ဟဒီးဆ်မှ သိမှတ်ဖွယ်ရာများ

  1. အိခ်လာဆ်ွရှိရန် တိုက်တွန်းထားသည်။ ဧကန်အမှန်ပင် အလ္လာဟ်အရှင်မြတ်သည် မိမိကျေနပ်နှစ်သက်ရန်အတွက် ဆောင်ရွက်သည့် အမလ်ကောင်းမှုကိုသာ လက်ခံတော်မူမည်ဖြစ်သည်။
  2. ကျေးကျွန်တစ်ဦးသည် အလ္လာဟ်အရှင်မြတ်နှင့်နီးကပ်စေသည့် အမလ်ကျင့်ဆောင်မှုများကို အလေ့အထသဘောမျိုးဖြင့်ဆောင်ရွက်ခဲ့ပါက အကျိုးကုသိုလ်ရရှိမည်မဟုတ်ပေ။ ထိုအမလ်ကျင့်ဆောင်မှုများဖြင့် အလ္လာဟ်အရှင်မြတ်နှင့်နီးကပ်မှုရရန် ရည်ရွယ်ချက်ပါမှသာ အကျိုးကုသိုလ်ရရှိမည်ဖြစ်သည်။
ဘာသာပြန်: အင်္ဂလိပ် အုရ်ဒူ စပိန် အင်ဒိုနီးရှား ဝီဂါ ဘင်္ဂလီ ပြင်သစ် တူရကီ ရုရှား ဘော့စနီးယား ဆင်ဟာလီ ဟင်ဒီ တရုတ် ဖါရစီ(ပါရှန်း) ဗီယက်နမ် တဂ္ဂလော့ ကာ့ဒ် ဟောက်ဆာ ပေါ်တူဂီ မလေးရာလမ် တေလဂူ ဆွာဟီလီ တမီးလ် ထိုင်း ဂျာမန် ဂျပန် ပါရှ်တို အာသံ အယ်လ်ဘေးနီးယန် السويدية الأمهرية الهولندية الغوجاراتية কিরগিজ النيبالية ইউরুবা الليتوانية الدرية الصربية الصومالية الطاجيكية কিনিয়ারওয়ান্ডা الرومانية المجرية التشيكية الموري মালাগাসি الفولانية အီတလီ অরমো কন্নড় الولوف البلغارية আজারী اليونانية الأوزبكية الأوكرانية الجورجية المقدونية
ဘာသာပြန်များကို ကြည့်ရှုရန်
အမျိုးအစားများ
  • . .
ထပ်၍