انْطَلَقْتُ في وَفدِ بَنِي عَامِرٍ إِلى رَسُولِ الله صلى الله عليه وسلم، فَقُلنا: أَنتَ سيّدُنَا، فقال: «السَّيدُ اللهُ»، قُلنا: وَأَفْضَلُنا فَضْلاً، وأعظَمُنا طَوْلاً، فقال: «قُولُوا بِقَولِكُم، أَو بَعضِ قولِكُم، وَلَا يَسْتَجْرِيَنَّكُم الشَّيطَانُ». المزيد
အဗ်ဒုလ္လာဟ် ဗင်န် ရှိခ်ခီးရ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။
ကျွန်တော်သည် ဗနီအာမိရ် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အလ္လာဟ်ရှင်မြတ်၏ ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်)ဆီသို့ သွားရောက်ခဲ့သည်။ ကျွန်တော်တို့က ကိုယ်တော်သည် ကျွန်တော်မျိုးတို့၏ အရှင်သခင်ဖြစ်ပါသည်ဟု ပြောကြားခဲ့သည်။ ထိုအခါ ကိုယ်တော်က အလ္လာဟ်အရှင်မြတ်သာလျှင် အရှင်သခင်ဖြစ်သည်ဟု မိန့်ကြားတော်မူသည်။ ကျွန်တော်တို့က (ကိုယ်တော်သည်) ကျွန်တော်တို့ထဲတွင် အမွန်မြတ်ဆုံး၊ ပေးကမ်းမှုအရှိဆုံး ဖြစ်တော်မူပါသည်ဟု ပြောကြားခဲ့သည်။ ထိုအခါ ကိုယ်တော်က မိန့်ကြားတော်မူသည်မှာ အသင်တို့ပြောရမည့် စကားကိုသာပြောပါ သို့မဟုတ် အသင်တို့ပြောရမည့် အချို့စကားကိုသာပြောပါ။ (ငါကိုယ်တော်အား ချီမွမ်းရာတွင်) ရှိုင်သွာန်မိစ္ဆာက သင်တို့အား မလှည့်ဖျားပါစေနှင့်။