«لَا تَدْخُلُونَ الْجَنَّةَ حَتَّى تُؤْمِنُوا، وَلَا تُؤْمِنُوا حَتَّى تَحَابُّوا، أَوَلَا أَدُلُّكُمْ عَلَى شَيْءٍ إِذَا فَعَلْتُمُوهُ تَحَابَبْتُمْ؟ أَفْشُوا السَّلَامَ بَيْنَكُمْ». المزيد
အဗူဟုရိုင်ရဟ် (ရဿွိယလ္လာဟုအန်ဟု)က ဆင့်ပြန်ခဲ့သည်။ အလ္လာဟ်အရှင်မြတ်၏ရစူလ်တမန်တော် (ဆွလ္လလ္လာဟုအလိုင်းဟိဝစလ္လမ်) မိန့်ကြားတော်မူသည်။
အသင်တို့သည် မုအ်မင်န် မဖြစ်သေးသမျှ ကာလပတ်လုံး ဂျန္နသ်သို့ဝင်ရောက်ရမည်မဟုတ်။ အသင်တို့အချင်းချင်း ချစ်ခင်မှုမရှိသေးသမျှကာလပတ်လုံး မုအ်မင်န်ဖြစ်မည်မဟုတ်။ ငါကိုယ်တော် အသင်တို့အားကိစ္စတစ်ခုကို မညွှန်ပြပေးရဘူးလား။ ထိုကိစ္စကို ပြုလုပ်ခြင်းဖြင့် အသင်တို့အချင်းချင်း ချစ်ခင်မှုရကြလိမ့်မည်။ ၎င်းမှာ အသင်တို့ကြား၌ စလာမ်များများပေးကြပါ။